POST TYPE
FEATURE
ဒေလီစာသင်ကျောင်းများတွင် စိတ်ဖိစီးမှုဖယ်ရှားရန် ပျော်စရာစာသင်ခန်းများ ဖန်တီး
15-Aug-2018

နယူးဒေလီ၊ ဩဂုတ် ၁၄
စိတ်ဖိစီးမှု ဝန်ပိနေသောကျောင်းသားများကို အထောက်အကူပေးရန်အတွက် နယူးဒေလီရှိ စာသင်ကျောင်းများသည် သင်ရိုးတွင် ပျော်ရွှင်ခြင်းဘာသာရပ်အသစ်ကို ထည့်သွင်းလိုက်ကြပြီး စာစစ်ခြင်း၊ အမှတ်ပေးခြင်းနှင့် အိမ်စာပေးခြင်းတို့ ရှိမည်မဟုတ်ဟု DW သတင်းတွင် ဖော်ပြထားသည်။
စနေနေ့နံနက်က ဒေလီတောင်ပိုင်းရှိ စာသင်ကျောင်းတစ်ခုတွင် အမြဲတမ်းဆူညံနေသော စာသင်ခန်းများသည် ထူးကဲစွာ ငြိမ်သက်နေသည်။ ပျော်ရွှင်ခြင်းသင်ခန်းစာကို သင်ကြားပေးနေသောဆရာတစ်ဦးက ကျောင်းသားများအား မျက်စိမှိတ်ထားရန်၊ အသက်ရှူခြင်းကို အာရုံစိုက်ရန်နှင့် ပျော်ရွှင်စရာတစ်ခုခု လုပ်ဆောင်နေသည်ဟု မြင်ယောင်ကြည့်ရန် ပြောဆိုနေသည်။
အခြားစာသင်ခန်းတစ်ခုတွင်လည်း ယနေ့အဖို့ ကျေးဇူးအတင်ဆုံးအရာကို လေးနက်စွာ စဉ်းစားပြောဆိုရန် ကျောင်းသားများကို ဆရာက မေးမြန်းနေသည်။
၄၅ မိနစ်ကြာသော ပျော်ရွှင်ခြင်း စာသင်ချိန်သည် ကျောင်းသားများအား စိတ်ဖြေလျှော့ပေးရန်၊ တစ်နေ့တာကို အကောင်းမြင်ကြည့်ရန်နှင့် ဘဝကို ကောင်းစွာထိန်းကျောင်းတတ်စေရန် ကူညီပေးဖို့ ရည်ရွယ်ခြင်းဖြစ်သည်။
ဒေလီအစိုးရ၏ အားထုတ်မှုတစ်ခုဖြစ်သော ပျော်ရွှင်ခြင်းသင်ခန်းစာကို အိန္ဒိယတွင်နေထိုင်သူ တိဘက်ဘုန်းကြီး ဒလိုင်လားမားက ဖော်ထုတ်ပေးခြင်းဖြစ်ပြီး တရားရှုမှတ်မှုလေ့ကျင့်ခန်း၊ စိတ်အားတက်ဖွယ်ဇာတ်လမ်းများနှင့် လုပ်ဆောင်မှုများပါဝင်သည်။ ဆရာပေါင်း ၅၀,၀၀၀ ကို သင်တန်းပေးပြီးနောက် စတင်လိုက်သော ပျော်ရွှင်ခြင်းစာသင်ခန်းများတွင် ကလေးငယ် တစ်သန်းနီးပါး တက်ရောက်လျက်ရှိကြသည်။
F-04
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
17-Feb-2019
-
15-Feb-2019