News

POST TYPE

FEATURE

ရေခဲသေတ္တာ Safegurd အပူလွန်ကဲရာမှ နေအိမ်မီးလောင်
ပြည်၊ ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့၊ ရွာဘဲနယ်မြေ၊ မင်းကံပိုင်ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်က ရေခဲသေတ္တာတွင် အသုံးပြုသော Safegurd အပူလွန်ကဲရာမှ နေအိမ်မီးလောင်ခဲ့ကြောင်း ပြည်ခရိုင်၊ မီးသတ်တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“မီးသတ်ကားတွေ ချက်ချင်းထွက်နိုင်ပြီး အချိန်မီငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးစလောင်တာကိုတော့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်နေပါတယ်”ဟု ပြည်ခရိုင်၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သွပ်မိုးထရံကာ (၁၀x၂၀) ပေ နေအိမ်တွင်းရှိ ရေခဲသေတ္တာဆေ့ဖ်ဂတ် Safegurd မှ အပူလွန်ကဲပြီး မီးစတင်လောင်ခဲ့ရာ အဆိုပါနေအိမ်နှင့် နေအိမ်တွင်းပစ္စည်းများ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ခရိုင် မီးသတ်ထုတ်ပြန်ချက်များအရ သိရှိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ အဆိုပါ နေအိမ်တွင်နေထိုင်သူကို ပြည်မြို့မရဲစခန်း က (ပ) ၁၁၀/၂၀၁၈ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူလျက်ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။ 

M-06