News

11-Jan-2017
“ရညရှှယခှကှကှ မှေ၊ အိမှ၊ တိုုကခှနှးနဲ့ပတသှကလှို့ ကစားတာကို ထိနှးခှုပတှာပေါ့။ အဲဒါကို အထူး ကောမှရှငကှ ကမကထ လုပပှှီး ရေးဆှဲနတယှေ။ ဒီလာမယ့ှ လှှတတှောကှာလမှာ အတညဖှှဈဖို့ လုပနှိုငမှယထှငတှယှ”
10-Jan-2017
NLD ၏ ဒီမိုကရက်တစ် မဆန်သည့် သဘောသဘာဝနှင့် USDP ၏ အာဏာရှင်စနစ်အပေါ် တိမ်းညွတ်မှုတို့သည် ဒီမိုကရေစီ အင်အားစုများကို တတိယ အင်အားစု နိုင်ငံရေးပါတီ ဖန်တီးခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်ရာ အခြေအနေသို့ တွန်းပို့သလို ဖြစ်နေသည်။ သို့သော်ငြားလည်း NLD ၏ အမှားမျိုး ထပ်မံကျူးလွန်မှု မရှိစေရန် တတိယအင်အားစု ပါတီသည် အောက်ပါ အကြံပြုချက်များကို အလေးထား သုံးသပ်သင့်ပါသည်။
10-Jan-2017
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးတွင် အရေးပါသည့် ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလ၌ တာဝန်ထမ်းဆောင်မည့် နိုင်ငံတော်သမ္မတကို ဖန်ဆင်မွေးဖွားသူ (Presidential Maker) အဖြစ် ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ရုံသာမက တပ်မတော် ခေါင်းဆောင်များ စိတ်တိုင်းကျ အချိန်ယူ ရေးဆွဲခဲ့သည် ၂၀၀၈ အခြေခံဥပဒေ၏ ဂယ်ပေါက် ပုဒ်မ ၂၁၇ ကို အသုံးပြုကာ အစိုးရအဖွဲ့ကို ဦးဆောင်မှု ပေးနိုင်သော နိုင်ငံတော်၏ အတိုင်ပင်ခံ ရာထူးသစ်ကို ဖန်တီးရယူနိုင်ခဲ့ခြင်းများကြောင့် The Voice Daily ၏ 10 Women In Myanmar 2016 အဖြစ် ရွေးချယ်ရခြင်း ဖြစ်သည်။
09-Jan-2017
မြန်မာပြည်သူများသည် ရွေးကောက်ပွဲတွင် မဲပေးသည့်အခါက NLD အပေါ် ယုံကြည်မှု အပြည့်အဝ ရှိခဲ့ပါသည်။ မြို့ပြအထက်တန်းလွှာများ၊ တတ်သိပညာရှင်များနှင့် လူလတ်တန်းစားများ အားလုံးက NLD သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်နေသည့် တပ်မတော်၏ လွှမ်းမိုးမှုကို အဆုံးသတ်စေပြီး လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရက်တစ် နိုင်ငံရေးဖြစ်စဉ်သစ် စတင်မည့် တကယ့်အပြောင်းအလဲများကို လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ခေါင်းဆောင်မှု အသစ်အောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် တိုးတက်လာလိမ့်မည် ဖြစ်ပြီး အစိုးရ၏ အင်စတီကျူးရှင်းများသည်လည်း နိုင်ငံကို ခေတ်မီအောင် ဆောင်ရွက်ရာ၌ ကောင်းစွာ အလုပ်လုပ်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
05-Jan-2017
“တိုင်းပြည်တစ်ပြည် စီးပွားရေး တိုးတက်ချင်ရင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းအရင်းတွေ ရှိတယ်။ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်တွေ အကုန်ပြန်လုပ်ရမယ်”
05-Jan-2017
“နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်နိုင်မှုက ဒီနှစ် (၂၀၁၆) ထက်စာရင် အများကြီးသာသွားတယ်”