News

13-Oct-2019
ကျွန်တော့် အငယ်ဆုံးညီမလေးကို မျက်လုံးထဲပြေးမြင်မိသည်။ ပန်းကလေးတွေ။ လှလှပပ ဟောဒီ ကမ္ဘာကြီးထဲ ပွင့်နေရမယ့် ပန်းကလေးတွေ။ ဘယ်လို အကြောင်းတရားတွေက ပန်းကလေးတွေအပေါ် ကျရောက်ခဲ့ရသလဲဆိုတာကို တွေးနေမိသည်။ ပြီးတော့ ဘီယာပုလင်းထဲကနေ ငါးကြင်းခွက်ထဲ ငှဲ့ထည့်ပြီး နာကျင်စရာ အချို့ကို မျိုချပစ်လိုက်သည်။ ဝက်သား တစ်ဖတ်ကောက်မြည်းလိုက်သည်။ စောစောကလို အရသာမတွေ့လှ။ ပါးစပ်ထဲ ဘယ်လိုမှအရသာ မရှိလှတော့။
28-Mar-2019
“ကိုယ်တွေခေတ်တုန်းက ကောင်မလေးတစ်ယောက်ကို စာလိုက်ပေးတာ ရည်းစားစကား လိုက်ပြောရတာ မလွယ်ဘူး။ တော်ရုံဇွဲနဲ့တော့ ကောင်မလေး တစ်ယောက်ရဲ့ အဖြေကိုရဖို့ မလွယ်ဘူး”ဟု မြိတ်မြို့သား ကိုဦးက ပြောသည်။
03-Dec-2018
ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူသိုလှောင်မှုကို ကန့်သတ်ထိန်းချုပ်ထားတဲ့ ဒိုင်ယာစီပင် (Diazepam)၊ ထိုးဆေး၊ သောက်ဆေး၊ အယ်ပရာဇိုလင် (Alprazolan) နဲ့ ထရာမဒေါ (Tramadol) ဆေးဝါးတို့ကို တရားမဝင် ရောင်းချသူထံမှ ဝယ်ယူကာ သိုလှောင်ရောင်းချတဲ့ မန္တလေးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမောင်မောင်ကို မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း နိုဝင်ဘာ ၁၇ သတင်းအရ သိရတယ်။
23-Nov-2018
အိပ်ခ်ျအိုင်ဗီ (HIV/AIDS) အတွက် နိုင်ငံတကာမှ တောင်းခံမှုလျော့နည်းလာပြီး လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကွန်ရက်အချို့မှာ ဝန်ထမ်းအင်အားနဲ့ ဝန်ဆောင်မှု လျော့ကျပေးရကြောင်း လူနာတွေအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ကွန်ရက်အချို့မှ သိရတယ်။ “ရောဂါဖြစ်နှုန်းကျလာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုအရင်ကထက်လျော့နည်းသွားတယ်။
05-Nov-2018
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် လက်ခံကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအား နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ စတင်ကျင်းပတော့မည်ဖြစ်ပါသည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြိုင်ပွဲမှာ (19th ASEAN University Games) (၁၉) ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် အားကစားနည်း ၁၈ နည်း ထည့်သွင်းကျင်းပရန် သတ်မှတ်ထားရှိပါသည်။
05-Nov-2018
ဖုန်ထူသည့်မြို့၊ နာမည်ကြီးဘုရားတွေပေါသည့် မြို့၊ သနပ်ခါးကြိုက်သည့်မြို့ဟု ချစ်ဖို့ကောင်းသည့် အခေါ်အဝေါ်များရှိသည့် စစ်ကိုင်းတိုင်း၏ မြို့တော်မုံရွာတွင် အညာဘုရားပွဲတော်ကား စတင်လျက်ရှိနေပြီဖြစ်သည်။
05-Nov-2018
ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ် မဲဆန္ဒနယ် ၁၃ နယ်တွင် အာဏာရပါတီ NLD အနေနှင့် ၁၃ နေရာလုံး ဝင်ပြိုင်သော်လည်း ၇ နေရာသာနိုင်ခဲ့ပြီး ၆ နေရာအထိ ရှုံးခဲ့သည်။
31-Oct-2018
စာမလိုက်နိုင်တဲ့ ကလေးတွေများ စိတ်ဓာတ်ကျစိုးရိမ်စိတ်လွန်ကဲတဲ့ ကလေးတွေ တွေ့ရနိုင်ပါတယ်။ မိတ်ဆွေက ကိုယ့်ကလေးကို ဘယ်လိုဖြစ်နေသလဲ မစဉ်းစားဘဲ သူတို့ဖြစ်ချင်တဲ့ အဆင့်ထိ မရောက်ရောက်အောင် “ဂိုက်” တွေ ကျူရှင်တွေ စာကျက်ဝိုင်းတွေနဲ့ ကျက်မှတ်စေတယ်။ အတန်းကျောင်းမလုပ်ဘဲ ဘော်ဒါဆောင်ထားတယ်။ ခြောက်ဘာသာဂုဏ်ထူးမှန်းတယ်။ ကိုယ့်ကလေး စာကျက်နိုင်ပါ့မလား။ စာရပါ့မလား။ ကိုယ့်သားသမီး မလိုက်နိုင်တာကို အတင်းလုပ်ခိုင်းရင်း မိဘအလွန်ဖြစ်သွားနိုင်တယ်။ ကလေးကတော့ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနဲ့ စာတွေမေ့ကုန်တယ်။
30-Oct-2018
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၇ ရက် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် စီးပွားရေးကျွမ်းကျင် ယူနစ် (Economic Intelligence Unit) သုတေသနအရ မြန်မာနိုင်ငံဟာ ဘဝနေဝင်ချိန် သက်ကြီးရွယ်အိုများရဲ့ နောက်ဆုံးအချိန် ကျန်းမာရေးစောင့်ရှောက်မှု အနိမ့်ဆုံး ငါးနိုင်ငံများ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
29-Oct-2018
သမိုင်းဆိုတာ တစ်ခါတလေ သူ့အမြင်၊ ကိုယ့်အမြင်နဲ့ အမျိုးမျိုးပြောဆိုကြတာ ရှိတတ်ပါတယ်။ မလေးသတင်းအရင်းအမြစ် ဝက်ဘ်ဆိုက်အချို့မှာတော့ အဲဒီကသင်္ချိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက် အဆိုအရ ဒီက အုတ်ဂူတွေထဲမှာ ၁၄ ရာစု- ၁၅ ရာစုကာလ စင်ကာပူ အတိတ်သမိုင်းနဲ့ နှီးနွှယ်နေခဲ့တဲ့ Sultan Iskandar Shah ရဲ့ အုတ်ဂူလည်း ရှိတယ်လို့ ဆိုပါတယ်။ Sultan Iskandar Shah ကို စင်ကာပူသမိုင်းမှာ Parameswara ဒါမှမဟုတ် Sri Tri Buana အနေနဲ့လည်း သိကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့အကြောင်းကတော့ ပဟေဠိဆန်လှပါတယ်။
24-Oct-2018
တစ်နေ့ မိတ်ဆွေတစ်ယောက်က စင်ကာပူမှာ မန္တလေးတို့၊ မော်လမြိုင်တို့၊ ပဲခူးတို့၊ ပြည်တို့ဆိုတဲ့ လမ်းအမည်တွေ ရှိတယ်လို့ ပြောလာတော့ စိတ်ထဲမှာ မဖြစ်နိုင်လောက်ဘူးလို့ တွေးမိတယ်။ မန္တလေးလောက်က ထားပါ။ မော်လမြိုင်၊ ပြည် စတဲ့မြို့နာမည်နဲ့ လမ်းတွေရှိတယ်ဆိုတော့ ဒါရေးထားတဲ့ အင်္ဂလိပ်စာလုံးကို လိုရာဆွဲပြီး ပြောတာပဲလို့ တွက်မိတယ်။ တစ်လောကပဲ Little India ဘက်သွားရင်း ရန်ကုန်လမ်း (Rangoon Road) ဆိုပြီး အထင်အရှား လမ်းမကြီးတစ်ခုကိုတွေ့မိလို့ ဓာတ်ပုံရိုက်ယူမိလိုက်သေးတယ်။ ဆိုခဲ့သလို ရန်ကုန်၊ မန္တလေးဆိုတာ ကမ္ဘာသိမြို့ကြီးတွေ ဖြစ်တယ်ဆိုတော့ နိုင်ငံခြားမှာ ဒီအမည်တွေကိုယူပြီး သူတို့လမ်းအမည်ပေးတာ သိပ်ဆန်းလှ မဟုတ်ပါဘူး။
30-Aug-2018
ရခိုင်ပြည်နယ်အရေး ကုလအတွင်းရေးမှူးချုပ်၏ လုံခြုံရေးကောင်စီတွင် ပြောကြားချက်မိန့်ခွန်း အပြည့်အစုံ
20-Jun-2018
ကျွန်တော် သိကျွမ်းခဲ့ဖူးသော နိုင်ငံခြားတိုင်းပြည်များမှ မိတ်ဆွေများဆိုလျှင် ဈေးဝယ်အတူထွက်လို့ ပစ္စည်းတစ်ခုခုဝယ်ယူတော့မည်ဆိုလျှင် ထိုပစ္စည်း၏ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်သည့်ပစ္စည်းများ၊ အာဟာရတန်ဖိုးနှင့် ထုတ်လုပ်သည့်အရင်းအမြစ် စသည့်အချက်အလက်များကို စစ်ဆေးပြီးမှသာ ဝယ်ယူလေ့ရှိသည်။
31-May-2018
အချက်အလက်များ လုံခြုံစိတ်ချနိုင်ရန်အတွက် သင်အသုံးပြုသော အက်ပလီကေးရှင်းသည် သင့်အနေနှင့် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပိုက်ဆံအများဆုံးပေးသည့်သူထံ မပေးအပ်သွားဖို့ ယုံကြည်မှုအပြည့်ရှိရန် လိုအပ်ပါသည်။
21-Mar-2018
သမ္မတဦးထင်ကျော် မတ်လ ၂၁ ရက်နေ့က သမ္မတရာထူးက နုတ်ထွက်သွားခဲ့ပြီး တစ်ချိန်တည်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတစ်ဦးဖြစ်သူ NLD ပါတီ ထိပ်တန်းခေါင်းဆောင် ဦးဝင်းမြင့်ကလည်း လွှတ်တော်ဥက္ကဋ္ဌရာထူးက နုတ်ထွက်ခဲ့ခြင်းကြောင့် ဦးဝင်းမြင့် သမ္မတရာထူး ခန့်အပ်ခြင်းခံရမည်ဟု သုံးသပ်မှုများ ရှိလာခဲ့သည်။ အဆိုပါ သမ္မတရာထူး အပြောင်းအလဲနှင့်ပတ်သက်၍ နိုင်ငံရေး အသိုင်းအဝိုင်း၏ အမြင်များကို ဖော်ပြလိုက်ရသည်။