12-Dec-2020
ပီတီလေးတစ်ခုကျန်ခဲ့လျှင် အောင်မြင်မှုဟု ခေါ်ဆိုနိုင်ပါပြီလော။ ဖန်တီးမှု လက်ရာအရည်အသွေးတစ်ခုကို အများသဘော မကျသေးပါက အောင်မြင်မှုဟုမခေါ်နိုင်သေးပါ။ အများ အကျိုးရှိပြီး ကိုယ့်အတွက် ပီတိတစ်ခုချန်နိုင်ပြီဆိုလျှင် အောင်မြင်မှုဟုခေါ်ဆိုနိုင်ပြီဖြစ်သည်။ အများက လက်မခံဘဲ ကိုယ့်အတွက် ခွန်အားရလိုက်သော အောင်မြင်မှု အသေးစားများ ရှိနေလိမ့်မည် ဖြစ်သည်။ ဟာသတစ်ခု ကိုချပြသလို လူတွေ အထင်သေးနိုင်ပါသည်။ သို့သော် ပုစွန်ဆိတ်ကလေးလည်း ပင်လယ်ကူးချင်သည်သာ တည်း။