News

POST SECTION

ENVIRONMENT

16-Feb-2017 tagged as
မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အင်းကျားပေါက်ကို ဟုမ္မလင်းမြို့နယ် အတွင်းမှ တွေ့ရှိဖမ်းဆီးပြီး သစ်တောဦးစီးဌာနသို့ အပ်နှံခဲ့သူများကို ယခုလအတွင်း တိုင်းအဆင့် ဆုချီးမြှင့်မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။
03-Feb-2017 tagged as
မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေ၀ပ်ဒေသ (Ramsar Site)အဖြစ် သတ်မှတ်ခြင်း ခံရသည့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မိုးယွန်းကြီးအင်းအတွင်း ဆောင်းခိုငှက် ၀င်ရောက်ကျက်စားမှု လျော့နည်းကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဥယျာဉ်အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက ပြောကြားသည်။
27-Jan-2017 tagged as သစ်တော
အမျိုးသားအဆင့်အနေနှင့် သစ်တောပြုန်းတီးခြင်းနှင့် သစ်တော အတန်းအစား ကျဆင်းမှုမှ ကာဗွန်ထုတ်လုပ်မှု လျော့ချမည့် REDD စီမံကိန်းကို၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လေးနှစ် ဆောင်ရွက်မည်
26-Jan-2017 tagged as မိုးလေဝသ
လေဖိအားများရပ်ဝန်း အားကောင်းနေခြင်းကြောင့် နောက်နှစ်ရက်အတွင်း ရန်ကုန် တိုင်းဒေသကြီး အပါအဝင် ဒေသအချို့၌ ညအပူချိန်များ ကျဆင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက သတင်းထုတ်ပြန်သည်။
25-Jan-2017 tagged as ကျွန်းသစ်
ပြည်ပသို့တင်ပို့မည့် တရားမဝင် ကျွန်းသစ်များပါရှိသည့် ကုန်သေတ္တာ(ကွန်တိန်နာ) နှစ်လုံးကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်ဆိပ်ကမ်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။
23-Jan-2017 tagged as မိုးလေဝသ
လာမည့် နွေရာသီကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်း၌ အပူချိန်များ မြင့်တက်လာနိုင်ပြီး ပူပြင်း ခြောက်သွေ့မည့် အန္တရာယ် ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
08-Jan-2017 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ရာတွင် ယခင် ဦးတည်နေသည့် လမ်းကြောင်းပြောင်းလဲ၍ မွန်ပြည်နယ်သို့ ရွေ့လျားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
07-Jan-2017 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိ အားနည်းရပ်ဝန်းသည် အားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိကာ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ် ဒေသသို့ ၀င်ရောက်နိုင်ကြောင်း
06-Jan-2017 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိ အားနည်းရပ်ဝန်းသည် ဇန်န၀ါရီလ ၆ မှ ၇ ရက်နေ့အတွင်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း
04-Jan-2017 tagged as မိုးလေဝသ
လက်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည့်အတွက် မြန်မာနိုင်ငံ အနေနှင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
03-Jan-2017 tagged as မိုးလေဝသ
ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပြီး ယင်းအရှိန်ကြောင့် ဒေသအချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း
30-Dec-2016 tagged as မိုးလေဝသ
တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ဖွန်းမုန်တိုင်း အကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။
29-Dec-2016 tagged as
မကွေး- ကျောက်ပန်းတောင်း လမ်းမကြီး အဆင့်မြှင့်တင်ရာတွင် လမ်းနှင့်မလွတ်သည့် သက်တမ်းရင့် အပင်ကြီး ၅၀၃ ပင်ကို ခုတ်လှဲမည်ကို ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် အပင်နှစ်ရာကျော်ကို လျှော့ခုတ်မည်
17-Dec-2016 tagged as မိုးလေဝသ
လေဖိအားများရပ်ဝန်း အားကောင်းနေမှုကြောင့် ကုန်းမြင့်တောင်တန်း ဒေသများတွင် အအေးဓာတ် ဆက်လက်ပိုနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မြူထူဆိုင်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
14-Dec-2016 tagged as
အရှေ့လေပွေလှိုင်း အရှိန်ကြောင့် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် အချိန်အခါ မဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။