News

POST TYPE

ENVIRONMENT

ရှမ်းအရှေ့တွင် လေပြင်းကြောင့် ပျက်စီးဆုံးရူံးမှုရှိ
20-Aug-2016 tagged as လေပြင်း

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် သြဂုတ်လ၁၉ရက် ညနေ၆နာရီခွဲခန့် မှ စတင်တိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် ကျိုင်းတုံမြို့အပါအဝင် တာချီလိတ် ၊မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယန်းမြို့များ၌
နေအိမ်နှင့် စာသင်ကျောင်းအချို့ အမိုးလန်ခြင်းနှင့် သစ်ပင်ကြီးများပိခြင်း၊လျှပ်စစ်မီးတိုင်များ ၊ဆက်သွယ်ရေး ဖုန်းတိုင်များ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူး ရဲသူရိန်ဦးသိန်းမြင့်က
ပြောကြားသည်။


လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံအပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပျက်စီးဆုံးရူံးမှု ရှိသော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း၊ ကျိုင်းတုံမြို့ပေါ် ရပ်ကွက်များရှိ လမ်းမများပေါ်တွင် ပြိုလဲခဲ့သော သစ်ပင်များကို မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ညတွင်းချင်း ခုတ်ထွင် ရှင်းလင်းခဲ့ကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)မျိုးသိန်း ရှင်းပြသည်။

  • VIA