News

POST TYPE

ENVIRONMENT

တွံတေးမြို့အနီး ဗဟိုပြု၍ မြေငလျင်လှုပ်
30-Mar-2017 tagged as ငလျင်

ရန်ကုန်၊ မတ် ၃၀
 
တွံတေးမြို့ အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာကို ဗဟိုပြု၍ ယနေ့ (မတ်လ ၃၀ ရက်) ညနေ ၅ နာရီ ၁၀ မိနစ်ဝန်းကျင်က အင်အားရစ်ခ်စတာစကေး ၄ ရှိ မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တော်ရှိ တာမွေ၊ ဗဟန်း၊ သာကေတ၊ ပန်းဘဲတန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မရမ်းကုန်းနှင့် ကမာရွတ်အစရှိသည့် မြို့နယ် အများစုတွင် သိရှိခံစားလိုက်ရသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညကလည်း ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်စတာစကေး ၅ ဒသမ ၈ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ တိုက်ကြီးမြို့အတွင်း လူနှစ်ဦး သေဆုံးခဲ့ပြီး အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ရသည်။ 

E-03