News

POST TYPE

ENVIRONMENT

ခြောက်နှစ်အတွင်း သစ်တန် သုံးသောင်းကျော် တပ်မတော်က ဖမ်းဆီးခဲ့ကြောင်း တပ်ချုပ်ပြော
29-Mar-2017 tagged as သစ်


ရန်ကုန်၊ မတ် ၂၈ 

တပ်မတော်အနေနှင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ခြောက်နှစ်တာ ကာလအတွင်း သစ်တန် ၃၀,ဝ၁၅ တန်နှင့် အခြား နိုင်ငံတော် သယံဇာတများကို တရားမဝင် ခိုးထုတ်မှုများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်ချုပ်က နေပြည်တော်တွင် မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော တပ်မတော်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောရာ၌် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တပ်မတော်မှ သစ်(၃၀ဝ၁၅)တန်၊ ယာဉ် (၁၇၂၉)စီး၊ ယန္တရား (၉၈) စီး အပါအဝင် တရားမဝင် သစ်ခိုးထုတ်သူများကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်စိမ်း ၃၆၂ တန်၊ ငါးခိုး သင်္ဘော၊ သစ်ခိုးသင်္ဘော ၃၁၂ စီးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်ချုပ်က ပြောကြားသည်။

ထို့ပြင် နိုင်ငံ၏ အကျိုးစီးပွား၊ တိုင်းပြည်၏ မြေပေါ်မြေအောက် သယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုနှင့် လုံခြုံရေးအားနည်းသည့် နေရာများကို တပ်မတော်က ပါဝင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တပ်ချုပ်က ဆက်လက် ပြောကြားခဲ့သည်။

၇၂ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ ယခင် တပ်မတော်အရာရှိ ဟောင်းများလည်း တက်ရောက်ခဲ့ကြပြီး BIA ဗိုလ်ရန်နိုင်တပ်မှ လွတ်လပ်ရေး မော်ကွန်းဝင် တတိယအဆင့် ဦးကျော်ဇိုင် (ခ) ဦးကျော်ဇံ အပါအဝင် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

J-07