News

POST TYPE

ENVIRONMENT

Earth Hour အထိမ်းအမှတ် ရွှေတိဂုံစေတီတွင် ဆီမီးတစ်သောင်း ထွန်းမည်
15-Mar-2017


ရန်ကုန်၊ မတ် ၁၅

ကမ္ဘာတစ်ဝန်း အကြီးမားဆုံးသော လှုပ်ရှားမှုတစ်ခုဖြစ်သည့် Earth Hour အထိမ်းအမှတ်အဖြစ် မတ်လ ၂၅ ရက်နေ့တွင် ရွှေတိဂုံစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိမည်ဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က သတင်းထုတ်ပြန်သည်။

အဆိုပါပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး အထူးခြားဆုံးနှင့် သမိုင်းဝင် အခမ်းအနားအဖြစ် ကျင်းပမည်ဖြစ်ကြောင်း ယင်းပွဲစီစဉ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့ MCCA နှင့် WWF တို့ ပူးပေါင်း၍ ရွှေတိဂုံစေတီတော်တွင် ည ၈ နာရီခွဲမှ ၉ နာရီခွဲထိ ဆီမီးတစ်သောင်း ထွန်းညှိခြင်း အစီအစဉ်တွင် စေတနာ့ဝန်ထမ်းများ၊ အနုပညာရှင်များ၊ သံအရာရှိကြီးများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များနှင့်အတူ ပါဝင်ဆင်နွှဲနိုင်ကြောင်း WWF ထံမှ သိရသည်။

Earth Hour တွင်ပါဝင်မည့် အနုပညာရှင်များနှင့် ပညာရှင်များမှာ နာမည်ကျော် ထင်ရှားသည့် မိုးလေဝသ ပညာရှင်နှင့် WWF ၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သံတမန် ဒေါက်တာထွန်းလွင်၊ တေးရေး၊ တေးဆိုနှင့် WWF ၏ Earth Hour ဆိုင်ရာ သံတမန် ဘန်နီဖြိုး၊ Miss Face of Beauty Myanmar 2015 နှင့် WWF ၏ လူငယ်သံတမန် ခြူးစစ်ဟန်တို့ ဖြစ်သည်။

E-03

  • VIA