News

POST TYPE

ENVIRONMENT

မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရန် ဒေသခံများတောင်းဆို
14-Mar-2017


မြစ်ကြီးနား၊ မတ် ၁၄

ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားရသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းရန် ယနေ့ (မတ်လ ၁၄ ရက်) နံနက်က မြစ်ဆုံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ အခမ်းအနားတွင် ဒေသခံများက တောင်းဆိုခဲ့သည်။

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ထာဝရ ရပ်ဆိုင်းပေးရန် ဒေသခံ နှစ်ရာကျော်က ကြွေးကြော်ခြင်းနှင့် ဆုတောင်းခြင်းတို့ ပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဆုတောင်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် မြစ်ချောင်းဆိုင်ရာ ဟောပြောခြင်း၊ မြစ်ဆုံစီမံကိန်း ထာဝရ ရပ်ဆိုင်းရေး ဝါးဖောင်မျှောခြင်းကို ပြောင်းရွှေ့ခံ ဒေသခံများနှင့် ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ သုံးဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို China Power Investment (CPI) နှင့် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားခဲ့သည်။

R-06

  • VIA