News

POST TYPE

ENVIRONMENT

သစ်တောနှီးနွယ် အသုံးပြုသူများကို FAO ထောက်ပံ့
11-Mar-2017

ရန်ကုန်၊ မတ် ၁၀ 

သစ်တာဖုံးလွှမ်းမှု ဧရိယာများ တိုးပွားလာစေရန် ရည်ရွယ်လုပ်ဆောင်နေသည့် အစုအဖွဲ့ပိုင်သစ်တော အဖွဲ့ဝင်ဖြစ်ပြီး သစ်တောကို အမှီပြု လုပ်ကိုင်နေသည့်ကျေးရွာ ၁၅ ရွာမှ ဒေသခံများကို အမေရိကန်ဒေါ်လာ ၉၆၀ဝ ထောက်ပံ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ အစီစဉ်အရာရှိ ဦးရဲခေါင်က ပြောကြားသည်။
 
ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ အစုအဖွဲ့ပိုင် ကုန်ထုတ်လုပ်မှုအသင်း (CFPP) အောက်ရှိ ကျေးရွာအဆင့်နှင့် မြို့နယ်သစ်တောနုင့် လယ်ယာထောက်ပံ့ရေး (FPP) အဖွဲ့များကို အမေရိကန် ဒေါ်လာ ၃၅၀ဝ နှင့် အမေရိကန်ဒေါ်လာ ၆၀ဝ၀ ခန့် ထောက်ပံ့ပေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ထောက်ပံ့ငွေကို မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ကြို့ကုန်းမြို့နယ်ရှိ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ရုံးချုပ်တွင် သစ်တောနှင့်လယ်ယာ ထောက်ပံ့ရေး (FPP) အဖွဲ့များကို ပေးအပ်ပြီး ထောက်ပံ့ငွေ သက်တမ်းမှာ ကျေးရွာအဆင့်တွင် ၆ လ သက်တမ်းနှင့် မြို့နယ်အဆင့်တွင် ၁၀ လ သက်တမ်းဖြစ်သည်။

“အစုအဖွဲ့ပိုင် သစ်တောလုပ်ပြီး မီးဖိုချောင်ထွက် သီးနှံစိုက်တဲ့သူတွေကို ထောက်ပံ့ပေးဖို့ပါ။ ဒီငွေနည်းနည်းလေးက ဘာမှတော့ မဟုတ်ပေမယ့် စိုက်ပျိုးရေး လုပ်နေတဲ့သူတွေအတွက် အစလေးတော့ ဖြစ်ပါတယ်”ဟု ပင်းတယမြို့နယ် ပွေးလှကျေးရွာမှ ဦးခင်မောင်ဦးက ဆိုသည်။ 

သစ်တောနှီးနွယ်ထွက် ပစ္စည်းများနှင့် သစ်တောအခြေခံ ထုတ်ကုန် ပြုလုပ်နေသော ဒေသခံများမှာ ဝါးနှင့် ကြိမ် ထုတ်ကုန်များ၊ ဝဥစိုက်ပျိုးရေး လုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာကာ လူနေမှု အဆင့်အတန်းများ မြင့်မားလာနိုင်ကြောင်း မြန်မာ့ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေး ကွန်ရက် (MERN) မှ ဥက္ကဋ္ဌ ဒေါက်တာကျော်တင့်က ပြောကြားသည်။ 

ကုလသမဂ္ဂစားနပ် ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) အောက်ရှိ သစ်တောနှင့် လယ်ယာ ထောက်ပံ့ရေး (FFF) အဖွဲ့ ထောက်ပံ့ငွေဖြင့် အဆိုပါ ကျေးရွာမှ ဒေသခံများကို နီပေါနိုင်ငံသို့ အစုအဖွဲ့ပိုင်သစ်တော လေ့လာရေးသင်တန်း စေလွှတ်ခဲ့ဖူးပြီး စိုက်ပျိုးရေးအတွက် လိုအပ်သည့် နည်းပညာများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။

  • VIA