News

POST TYPE

ENVIRONMENT

ဧရာဝတီမြစ်ရေ တစ်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ရောက်မည်
24-Feb-2017 tagged as


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် အနောက်လေပွေလှိုင်းများကြောင့် မိုးရွာသွန်းမှု များနေပြီး ဧရာဝတီမြစ်ရေ မြင့်တက်နေရာ လာမည့်တစ်ပတ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

ဧရာဝတီမြစ်ရေသည် ဖေဖော်ဝါရီ  ၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၌  ၉ ပေခန့်ရှိနေပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တဖြည်းဖြည်း မြင့်တက်လာမည်ဖြစ်ကာ လာမည့် ၁၃ ရက်အတွင်း မြစ်ဝကျွန်းပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက  ဆက်လက် ပြောကြားသည်။ 

“ဧရာဝတီမြစ်ရဲ့ ရေဝေရေလဲဒေသမှာ မိုးရွာနေတာ ငါးရက်လောက်ရှိနေပြီ။ ဆက်ရွာဖို့လည်းရှိတော့ မြစ်ရေတက်မယ်။ သောင်တွေမှာ အပင်စိုက်နေတဲ့သူတွေ သတိထားဖို့ လိုတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ရေတက်မှုကနေ မြစ်ကြောင်းများ ပြောင်းလဲနိုင်သောကြောင့် ဧရာဝတီမြစ်ကြောင်းများအတွင်း ပြေးဆွဲနေသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ ဂရုစိုက်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ 

ပြီးခဲ့သည့်နှစ်ကလည်း ဇန်နဝါရီလတွင် မိုးရွာသွန်းမှု များခြင်းကြောင့် ဧရာဝတီ မြစ်ရေ မြင့်တက်မှုများ ရှိခဲ့သည်။  

  • VIA
  • TAGS