POST TYPE

ENVIRONMENT

မြန်မာနိုင်ငံ တောင်ပိုင်းတွင် အချိန်အခါ မဟုတ် မိုးရွာမည်
30-Dec-2016 tagged as မိုးလေဝသ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ဖွန်းမုန်တိုင်း အကြွင်းအကျန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ ဖြစ်သော မွန်ပြည်နယ်၊ တနင်္လာရီတိုင်း ဒေသကြီးတို့တွင် ဇန်န၀ါရီလ ပထမပတ်အတွင်း နေရာကွက်ကျား မိုးရွာသွန်းမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

အဆိုပါဒေသများအပြင် နှစ်သစ် ကူးရက် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးရွာသွန်းမည်ဟုလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။