News

POST TYPE

ENVIRONMENT

လေဖိအားနည်း ရပ်ဝန်းကြောင့် တစ်ပတ်ခန့် မိုးရွာသွန်းမည်
11-Nov-2016

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင်  တိမ်ထူထပ်နေပြီး လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် တစ်ပတ်ခန့် မိုးအနည်းငယ် ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက The Voice သို့ ပြောကြားသည်။

 

မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ အနည်းငယ် မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာ နည်းနည်း မိုးရွာသွန်းနိုင်သည်။

 

ယင်းအပြင် အခြားသော ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


  • VIA