News

POST TYPE

ENVIRONMENT

သင်္ဃန်းကျွန်းမြို့နယ်တွင် စိတ်ကြွဆေးပြားများ ရောင်းချနေသူ နှစ်ဦးကို ဖမ်းမိ
21-May-2019
ရန်ကုန်၊ မေ ၂၀

သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ လမ်းမတော်လမ်းတွင် မေ ၁၉ ရက် ည ၁၁ နာရီခွဲက စိတ်ကြွဆေးပြားများ ရောင်းချနေကြောင်း သတင်းရရှိထားသူ အမျိုးသား နှစ်ဦးထံမှ ဒေသကာလပေါက်ဈေး ကျပ် ၂၅ သိန်းရှိ စိတ်ကြွဆေးပြားများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ နှစ်ဦးမှာ သင်္ဃန်းကျွန်းမြို့နယ်၊ (က) ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၂ နှစ် နေထက်လင်း (ခ) စလင်းနှင့် အသက် ၂၅ နှစ် သဲနိုင်စိုး (ခ) ရာရှစ်တို့နှစ်ဦး စီးနင်းလာသော စက်ဘီးကို တားဆီးစစ်ဆေးစဉ် စက်ဘီး၏လက်ကိုင်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံးကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိခဲ့သူ နှစ်ဦးကို သင်္ဃန်းကျွန်း မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီး ကျန်အမှုကွင်းဆက် တရားခံများကို ထပ်မံဖော်ထုတ်အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03