News

POST TYPE

ENVIRONMENT

တိမ်စွယ်တန်းဖြတ်သန်း၍ ဒေသအချို့ မိုးဆက်ပိုမည်
31-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၃၁ 

မြန်မာနိုင်ငံပေါ်သို့ မုန်တိုင်း အကြွင်းအကျန် တိမ်စွယ်၊ တိမ်တိုက်များနှင့် လေ ပွေလှိုင်းတို့ ဖြတ်သန်းနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် ဒေသ အချို့တွင် မိုးဆက်လက်ပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်သည်။ 

ယင်းအရှိန်ကြောင့် နောက်နှစ်ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မိုး ဆက်လက် ထစ်ချုန်းရွာမည်ဖြစ်ကြောင်း၊ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်း တိုက်ခတ်နိုင်ကြောင်း အဆိုပါ ဌာနက ခန့်မှန်းချက် ထုတ်ထားသည်။ 

ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်းတွင် လေထု မငြိမ်မသက်မှုများ ဖြစ်ပေါ်နေပြီး အရှေ့လေပွေလှိုင်း တစ်ခုအရှိန်ကြောင့် နိုဝင်ဘာလဆန်းတွင် ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် မုန်တိုင်းငယ် တစ်လုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

  • VIA