News

POST TYPE

ENVIRONMENT

ရှမ်းပြည်နယ် အပါအဝင် ဒေသအချို့တွင် မိုးသီးများကြွေကျ
17-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လေပြင်းများတိုက်ခတ်ကာ မိုးရွာသွန်းပြီး မိုးသီးများပါ ကြွေကျခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လေထု မတည်မငြိမ်မှုများကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် ယခုရက်ပိုင်း၌ မွန်းလွဲနှင့် ညနေပိုင်းများတွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကြခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း မိုးလေဝသပညာရှင်များက သတိပေး ပြောကြားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးစသည့် ဒေသများတွင် မိုးသီးများ ကြွေကြခဲ့ပြီး လေပြင်းများလည်း တိုက်ခတ်ခဲ့ရာ အဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

E-03