News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ အအေးပိုမည်
22-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ နောက်နှစ်ရက်အတွင်း ညအပူချိန်များကျဆင်းကာ အအေးပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှ နောက်နှစ်ရက်၊ သုံးရက်အတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့တွင် ညအပူချိန်များ လျောနည်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

၊ဒီဇင်ဘာ ၂၂ မနက် ၄ နာရီ ၅၃ မိနစ်က ဆောင်းရာသီ နေလမ်းကြောင်းနဲ့ အဝေးဆုံးကာလဖြစ်ပြီး ပုံမှန်အားဖြင့် မြန်မာ့ရာသီဥတု အအေးဆုံးအချိန် ဖြစ်ပါတယ် ဟု ၎င်းက ဆိုသည်။

ယင်းသို့ဒေသအလိုက်အအေးပိုနေရာ၌ ထူးခြားသည့် ညအပူချိန်များမှာ ဟဲဟိုးမြို့နှင့် ချင်းပြည်နယ်၊ ရမ်ကလောင်းတို့တွင် ၅ ဒီဂရီစင်တီဂရိတ်စီ၊ နမ့်စန်မြို့၊ လွိုင်လင်မြို့နှင့် ဟားခါးမြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်စီနှင့် သီပေါမြို့တွင် ၇ ဒီဂရီ စင်တီဂရိတ်တို့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်မြို့အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့အတွက် ခန့်မှန်းချက်များအရ အနိမ့်ဆုံးအပူချိန်မှာ ၁၉ ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံးအပူချိန်မှာ ၃၃ ဒီဂရိတ်စင်တီဂရိတ်ရှိနိုင်ပြီး နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

E-03