News

POST TYPE

ENVIRONMENT

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်
29-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၉

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်အားကောင်းလာနိုင်ခြေနည်းပါးသော်လည်း လေထုမတည်မငြိမ်မှုများကြောင့် ယခုရက်ပိုင်းဒေသအလိုက် မိုးရရှိဦးမည်ဖြစ်ပြီး နိုဝင်ဘာလဆန်းနောက်ပိုင်းမှသာ မိုးသိသာစွာလျော့နည်းနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မိုးတိမ်တောင်တွေ အားကောင်းနေလို့ မိုးကြိုးပစ်တာတွေ မကြာခဏ ဖြစ်နေတာမို့လို့ မိုးခြိမ်းသံကြားရင် သတိထားသင့်တယ်”ဟု ဦးကျော်လွင်ဦးက ဆိုသည်။

ယင်းလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်တွင် နေရာအနှံ့အပြားနှင့် ရန်ကုန်အပါအဝင် ကျန်ဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ယင်းဌာနက သတင်းထုတ်ပြန်သည်။

E-03