News

POST TYPE

ENVIRONMENT

ရန်ကုန်နှင့် မအူပင်မြို့ မိုးရေချိန်စံချိန်သစ်တင်
22-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့အပါအဝင် စခန်းလေးခု၌ မိုးရေချိန်စံချိန်သစ်ကို အောက်တိုဘာလ ၂၂ ရက်နေ့က ရရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါစံချိန်သစ်တင်သည့်စခန်းများမှာ မအူပင်မြို့၊ ရန်ကုန် (ကမ္ဘာအေး)၊ ရန်ကုန် (မင်္ဂလာဒုံ) နှင့် ရန်ကုန် (မှော်ဘီ) တို့ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် မိုးရေချိန်စံချိန်သစ်မှာ ၇ ဒသမ ၄၀ လက်မဖြစ်ပြီး ယင်းဒေသတွင်စခန်းစဖွင့်သည့်နှစ်မှစ၍ နှစ်ပေါင်း ၆၀ ကျော်အတွင်း စံချိန်သစ်လည်းဖြစ်သည်။ 

ရန်ကုန် (ကမ္ဘာအေး) တွင် ရရှိခဲ့သည့် မိုးရေချိန်စံချိန်သစ်မှာ ၆ ဒသမ ၀၂ လက်မဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်သစ်ဖြစ်သည်။

E-03