News

POST TYPE

ENVIRONMENT

ရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်ပေးရေးအဆို ကချင်လွှတ်တော် အတည်ပြု
31-Mar-2018 tagged as မြစ်ကြီးနား

မြစ်ကြီးနား၊ မတ် ၃၁

တရုတ်နယ်စပ်ရဲများက မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ဆီးစစ်၍ ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် ငွေဖြင့်ရွေးယူစေခြင်းကို ပြည်နယ်အစိုးရက တရုတ်အစိုးရအား ဆွေးနွေး၍ ကာကွယ်ပေးရေးအဆိုကို ကချင်ပြည်နယ် လွှတ်တော်က မတ်လ ၃၀ ရက်နေ့က ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

ယင်းအဆိုကို မိုးမောက်မြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ တရားဝင် ဝင်ရောက်သော မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့များက မူးယစ်ဆေးဝါး သုံးစွဲသည်ဟု ဆီးစစ်၍ ဆီးပေါ်သည်ဟုပြောကာ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ လမ်းဖောက်လုပ်သည့် ကုမ္ပဏီများထံသို့ပို့ဆောင်၍ အလုပ်ကြမ်းများ ခိုင်းစေခြင်းများရှိနေသည်ဟု အဆိုရှင်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ လစဉ် ပုံမှန် ကျင်းပနိုင်ရေး၊ သတင်းဖလှယ်ရေး၊ တည်ဆဲ ဥပဒေများနှင့်အညီ မှုခင်းစုံစမ်းဖော်ထုတ်နိုင်ရေး အပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် နယ်စပ် အဝင်အထွက်များတွင် မူးယစ်ဆေးဝါးကိစ္စများ ပူးပေါင်း ဆောင်ရွက်သွားရန်အတွက် မတ်လ ၆ ရက်နေ့က မြန်မာ- တရုတ် ဆက်ဆံရေးရုံးကို မြစ်ကြီးနားမြို့၌ ဖွင့်လှစ်ခဲ့သည်။ 

R-06