News

POST TYPE

ENVIRONMENT

ချင်းနှင့်ရှမ်းတွင် ငလျင်လှုပ်
20-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်အား အနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးကို ဗဟိုပြု၍ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၂ မိနစ်ခန့်က အင်အား အနည်းငယ်ရှိ မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း ယင်းဌာနခွဲထံမှ သိရသည်။

အဆိုပါမြေငလျင်သည် ဟားခါး မြေငလျင်စခန်းမှ မြောက်- အနောက် မြောက်ဘက် ၁၁ မိုင်ခန့်အကွာ ထန်တလန်မြို့၏ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အား ရစ်ခ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်က ရှမ်းပြည်နယ်၊ မောက်မယ်မြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ် စတာစကေး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့သည်။

မြန်မာနိုင်ငံ တစ်ဝန်း၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ပဲခူးရိုးမတောအတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်း ဖြူးငလျင်အပြီး ယခုကဲ့သို့ အင်အား အသင့်အတင့်ရှိ မြေငလျင်များ ခပ်စိပ်စိပ် လှုပ်ခတ်နေခြင်းဖြစ်သည်။ 

ယင်းသို့ နောက်ဆက်တွဲ မြေငလျင်များ လှုပ်ခတ်နေခြင်းသည် အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ်တို့ တွန်းတိုက်နေသည့်ဖြစ်စဉ်ကြောင့် မြေထုချပ်များ ပိုမို လှုပ်ရှားလာခြင်း ဖြစ်သည်ဟုယူဆရကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ ပြတ်ရွေ့များကြောင့် အင်အားပြင်းမြေငလျင် အန္တရာယ်ရှိနိုင်ရာ ပြတ်ရွေ့တစ်လျှောက်ရှိ မြို့ကြီးများနှင့် ယခင်အတိတ်ကာလက ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် ဒေသများသည် ငလျင်အန္တရာယ်ကို ကြိုတင်သတိပြုပြင်ဆင်ရန် လိုအပ်ကြောင်း ဘူမိဗေဒပညာရှင်များက သုံးသပ်ပြောဆိုသည်။

E-03