News

POST TYPE

ENVIRONMENT

မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်မှုခန့်မှန်းချက်များ ထုတ်ပြန်ကြေညာပေးနိုင်ရန်စီစဉ်
29-Nov-2017
မန္တလေး၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံအလယ်ပိုင်းရှိ တိုင်း ဒေသကြီးသုံးခုအတွင်း မိုးခေါင်နိုင်သည့် အခြေအနေနှင့် သက်ဆိုင်သော သတင်းများ ၂၀၁၈ ခုနှစ်ကစ၍ ထုတ်ပြန်ပေးနိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“မိုးခေါင်မှုတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ ဆုံးရှုံးမှုတွေ ရှိတယ်။ ဒီလို အခြေအနေမှာ မိုဇလအနေနဲ့ မိုးခေါင်မှုတွေနဲ့ ပတ်သက်ပြီး အသိပေးနိုင်ရင် အထူးသဖြင့် တောင်သူတွေအတွက်၊ စိုက်ပျိုးရေး ကဏ္ဍအတွက်၊ အထွက်နှုန်းတိုးဖို့အတွက် စတဲ့ကဏ္ဍတွေမှာ အကျိုးအမြတ် ရနိုင်မယ့် အခြေအနေတစ်ခု ဖန်တီးပေးနိုင်အောင် ရည်မှန်းတယ်။ မိုးခေါင်မှုဆိုင်ရာ အညွှန်းကိန်းတွေ ရှာဖွေဖော်ထုတ်ပြီး အသုံးချသွားမှာပါ”ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနအနေနှင့် ပုံမှန် ထုတ်ပြန်နေသော မိုးလေဝသ ခန့်မှန်းချက်များအပြင် မိုးခေါင်မှုနှင့်ဆိုင်သော သတင်းလွှာများကိုပါ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် မိုးခေါင်မှု အများဆုံးဖြစ်လေ့ရှိသည့် မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသများအတွက် ထုတ်ပြန်ပေးရန် စီစဉ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန အထက်မြန်မာပြည် (မန္တလေးရုံးခွဲ)ထံမှ သိရသည်။

လက်ရှိတွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ကူညီထောက်ပံ့မှုဖြင့် မိုးလေ ဝသရေဒါတစ်ခု မန္တလေးတိုင်း စဉ့်ကိုင် မြို့နယ်အတွင်း တည်ဆောက်လျက်ရှိ သည်။ 

M-05


  • VIA