News

POST TYPE

ENVIRONMENT

ဂန့်ဂေါတွင် ရှားပါးဝက်ဝံတစ်ကောင် အသေဖမ်းမိ
23-Sep-2017 tagged as ဂန့်ဂေါ


ရန်ကုန်၊ စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ရွာတွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၈ နာရီခွဲခန့်က ရှားပါးမျိုးသုဉ်းမည့်စာရင်းဝင် ဝက်ဝံတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။

အဆိုပါဝက်ဝံသည် ကျေးရွာအတွင်းသို့ လမ်းမှားကာ ရောက်ရှိလာသည့်အတွက် ဒေသခံများကိုရန်ပြုမည်စိုးရိမ်ရ၍ ကျေးရွာသားများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း၊ ယင်းသို့ ဝိုင်းဝန်း ဖမ်းဆီးခြင်းကြောင့် ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဘဟိန်းက ပြောကြားသည်။
“အဲဒီရွာမှာပဲ ဝက်ဝံကို မီးရှို့ဖျက်ဆီးပစ်ရမှာပဲ”ဟု ၎င်းက ဆိုသည်။

ယင်းဝက်ဝံသည် အကောင်အရွယ်အစားကြီးပြီး ရင်ဘတ်ပေါ်တွင် V (ဗွီ-ပုံသဏ္ဍာန်) အမှတ်အသားပါ ရှိသည့်အတွက် ဟိမဝန္တာဝက်ဝံဟုယူဆရပြီး အဆိုပါမျိုးစိတ်သည် ရှားပါးမျိုးသုဉ်းမည့် စာရင်းဝင်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ် ပြောဆိုသည်။

E-03