News

POST TYPE

ENVIRONMENT

ငလျင်ကြောင့် ပခုက္ကူ၌ အဆောက်အအုံအချို့ပြို
24-Aug-2016 tagged as ငလျင်

ယနေ့(သြဂုတ် ၂၄ ရက်) ညနေ ၅ နာရီ ၅မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပခုက္ကူရှိ အဆောက်အအုံအချို့ ပြိုကျခဲ့သည်ဟု နယ်မြေခံ The Voice သတင်းထောက်က သတင်းပေးပို့သည်။

မြေငလျင်သည် စစ်ကိုင်းပြတ်ရွေ့ကြောမှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ချောက်မြို့အနီးကို ဗဟိုပြုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက အတည်ပြုပြောကြားသည်။

မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခုလှုပ်သွားကြောင်းလည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တာဝန်ကျမြေငလျင်ဝန်ထမ်းများ၏ Manual ပြန်လည်တွက်ချက်ပြီး သည့်အခြေအနေကို အတည်ပြုထုတ်ပြန်ထားသည်။

Photo -မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

  • VIA