News

POST TYPE

ENVIRONMENT

ငါးလုပ်ငန်းအဖွဲ့ချုပ် အများပိုင် ကုမ္ပဏီ ထောင်မည်

ရန်ကုန်၊ သြဂုတ် ၉

ငါးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့် ဦးဆောင်၍ အများပိုင် ကုမ္ပဏီတစ်ခု တည်ထောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

အဆိုပါကုမ္ပဏီ တည်ထောင်ရန်အတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း အလုပ်အမှုဆောင်သစ်များ ပြန်လည် ရွေးချယ်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြခြင်းနှင့် လုပ်ငန်းစဉ်များလည်း ရေးဆွဲပြီးဖြစ်ကာ ကုမ္ပဏီ စတင် တည်ထောင်သည့်အချိန်တွင် အများပိုင် ကုမ္ပဏီတွင်ပါဝင်သည့် ကုမ္ပဏီ အစုရှယ်ယာဝင်များကို တရားဝင် ထုတ်ပြန် ကြေညာမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ရွှေနိုင်ငံ အများပိုင်ကုမ္ပဏီ တည်ထောင်ထားပြီး မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကလည်း မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း (MAPCO) တည်ထောင်ထားသောကြောင့် ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနှင့်လည်း အများပိုင်ကုမ္ပဏီ တည်ထောင်ရန် လုပ်ငန်းစဉ်တွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ 

J-11