12-Feb-2018
“ဦးကျော်ထူးကို မလေးမစားလုပ်တာ မဟုတ်ပါဘူး ချစ်လို့စတာပါ။ ကျွန်တော်က ဆက်ပြီးတော့လည်း စဦးမယ်။ ဒီ့ထက်လည်း ပိုပြီးတော့ နည်းနည်းမိုက်တဲ့နည်းလမ်းတွေ ရှာထားတယ်။ အထောက်အကူပြု ပစ္စည်းတွေလည်း စုထားပြီးသွားပြီ”ဖြိုးငွေစိုး
လက်ရှိမှာ သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ ကျော်ထူးတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စနောက်ကြရင်းကနေ ချစ်စဖွယ် အမူအယာတွေကြောင့် ပရိသတ်တွေကလည်း သဘောတွေ့နေကြပါတယ်။ ယင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင် ဖြိုးငွေစိုးရဲ့စကားသံများကို The Radar က မေးမြန်းဖော်ပြလိုက်ပါတယ်။