News

POST TYPE

ENTERTAINMENT NEWS

အလှပြင်ဆိုင်က မိန်းကလေးတွေရဲ့ဘဝကို ပုံဖော်မယ့် “မျက်နှာဖုံးများ”ရုပ်ရှင်ကား
05-Mar-2018


အောင်ခေတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာမင်းဦးက သူ့ရဲ့ဒုတိယမြောက် ရုပ်ရှင်ကားအဖြစ် “မျက်နှာဖုံးများ”ရုပ်ရှင်ကားကို သရုပ်ဆောင် ကျော်ထက်အောင်၊ မင်းဦး၊ အောင်ရဲထိုက်၊ Russell၊အိချောပို၊ စိုးပြည့်သဇင်၊ အေးဝတ်ရည်သောင်း၊ မေမြနှင်းရည်လွင်၊ မျိုးသန္တာထွန်းတို့နဲ့ ရိုက်ကူးပုံဖော်တော့မှာ ဖြစ်ပါတယ်။ ယင်းကားကန်တော့ပွဲပေးအခမ်းအနားကို မတ်လ ၅ ရက်နေ့က ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းမြင်ကွင်းပုံရိပ်များနဲ့အတူ ဖန်တီးပုံဖော်သူတချို့ရဲ့ စကားသံများကို The Radar က မေးမြန်းဖော်ပြလိုက်ပါတယ်။