News

POST TYPE

ENTERTAINMENT

နီကိုလက်စ်ကေ့ဂ်ျ ရုပ်ရှင်ရိုက်ကွင်းတွင် ခြေချင်းဝတ် ကျိုး
28-Apr-2017 tagged as သရုပ်ဆောင်

ရုပ်ရှင်အသစ်အတွက် ရိုက်ကူးနေချိန်မှာ မင်းသားကြီး နီကိုလက်စ်ကေ့ဂ်ျ တစ်ယောက် ခြေချင်းဝတ်ကျိုးတဲ့ ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အသက် ၅၃ နှစ်အရွယ် မင်းသားကြီး ဟာ ရုပ်ရှင်အသစ် #211 ကို ဘူဂေးရီးယားမှာ ရိုက်ကူးနေခဲ့တာ ဖြစ်ပါတယ်။

ခုတော့ မင်းသားကြီး ဒဏ်ရာရရှိသွားခဲ့တာမို့ ရိုက်ကွင်းကို နားထားရပြီ ဖြစ်ပါတယ်။

မတော်တဆမှု ဖြစ်ပြီးပြီးချင်း နီကိုလက်စ်ကေ့ဂ်ျကို ရိုက်ကွင်းအနီးက ဆိုဖီယာမြို့က ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ 

ခွဲစိတ်ကုသမှု ခံယူသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးခဲ့ပြီး နီကိုလက်စ်ကေ့ဂ်ျကတော့ လော့အိန်ဂျလိစ်ကို ပြန်သွားခဲ့ကာ အဲဒီမှာပဲ ခွဲစိတ်ကုသမှု ခံယူဖွယ် ရှိပါတယ်။

လာမည့် သီတင်းပတ် နှစ်ပတ်အတွင်းမှာ ပြန်လည်အလုပ်လုပ်နိုင်မည်လို့ ယူဆပါကြောင်း နီကိုလက်စ်ကေ့ဂ်ျရဲ့ ကိုယ်စားလှယ်များက ပြောကြားခဲ့ပါတယ်။

နီကိုလက်စ်ကေ့ဂ်ျဟာ ထိုဇာတ်ကားမှာ ရဲအရာရှိတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ဘဏ်ဓားပြမှုကို ကိုင်တွယ်ရတာ ဖြစ်ပါတယ်။  

F-02