News

POST TYPE

ENTERTAINMENT

မေလမှာ စစ်မှုထမ်းသွားတော့မယ့် လီမင်ဟို
21-Apr-2017 tagged as သရုပ်ဆောင်

ဆိုးလ်၊ ဧပြီ ၂၀

နာမည်ကျော် ကိုရီးယား သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လီမင်ဟိုဟာ ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ မေလအတွင်း စစ်မှုထမ်းသွားရတော့မှာ ဖြစ်ကြောင်း soompi.com မှာ ဖော်ပြထားပါတယ်။

“လီမင်ဟိုက မေလ ၁၂ ရက်နေ့ကနေစပြီး ဆိုးလ်မြို့၊ ဂမ်နမ်ခရိုင်မှာရှိတဲ့ ရုံးမှာ ပြည်သူ့ဝန်ဆောင်မှု ဝန်ထမ်းတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်သွားမှာပါ။ သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ စစ်မှုထမ်းသွားဖို့ ရည်ရွည်ထားပါတယ်” လို့ သူ့ရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ MYM Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

လီမင်ဟိုက ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ ယာဉ်တိုက်မှုတွေနဲ့ ကြုံခဲ့ရတာကြောင့် ပြည်သူ့ဝန်ဆောင်မှု ဝန်ထမ်းတစ်ဦး အနေနဲ့ပဲ တာဝန်ထမ်းဆောင်ခွင့်ရတာ ဖြစ်ကြောင်း သူ့ရဲ့အနုပညာ အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင် လီမင်ဟိုက Boys Over Flowers၊ City Hunter၊ Heir၊ The Legend of the Blue Sea စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ကိုရီးယားနိုင်ငံတွင်းမှာ သာမက အာရှဒေသတွင်း နိုင်ငံတွေမှာပါ ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိခဲ့ပါတယ်။