News

POST TYPE

ENTERTAINMENT

တစ်ကိုယ်တော်စီးရီး ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ ကြက်ဖ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

သရုပ်ဆောင်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ပိုများနေတဲ့ ကြက်ဖက ဂီတဘက်က ပရိသတ်တွေ အတွက်လည်း တစ်ကိုယ်တော်စီးရီး ထွက်ရှိနိုင်ဖို့ ကြိုးစားနေပါတယ်လို့ The Voice ကို ပြောကြားပါတယ်။

“အခုနောက်ပိုင်းတော့ ကျွန်တော့်ကို သရုပ်ဆောင်ဘက်မှာ ပိုတွေ့ရသလို ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ အရင်ကတည်းကလည်း ကျွန်တော် သီချင်းတွေ လုပ်ပါတယ်။ တရားဝင် မထွက်တာပဲ ရှိတာပါ။ ရှိုးတွေမှာလည်း သီချင်းအသစ်တွေ ဆိုဖြစ်ပါတယ်” လို့ ယင်းစီးရီးနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

လက်ရှိလုပ်နေတဲ့ တစ်ကိုယ်တော်စီးရီးကိုတော့ သေချာအချိန်ယူ ပြင်ဆင်ပြီးမှ လုပ်ချင်တဲ့အတွက်  ပရိသတ်တွေ နားထောင်ရဖို့တော့ ကြာဦးမှာဖြစ်ပြီး၊ စီးရီးထွက်လာရင်တော့  သီချင်းတွေကို ပရိသတ်တွေ ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ကြက်ဖက ပြောကြားပါတယ်။

“ကျွန်တော့်စီးရီးမှာ ပါမယ့် သီချင်းတွေကတော့ အပြုသဘောဆောင်တဲ့ သီချင်းတွေ များလာမယ်။ အရင်ကလို ပေါက်ကွဲ၊ ကြေကွဲတဲ့ သီချင်းတွေကတော့ မပါသလောက် ဖြစ်သွားမယ်။ ကျွန်တော့်စီးရီးအတွက် သီချင်းတွေကတော့ အားရင် အားသလို လုပ်နေပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇွန်လလောက် နောက်ဆုံးထားပြီး ထွက်မှာပါ” လို့ ၎င်းက ဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးတဲ့ ဗီဇရုပ်ရှင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပြီး၊ နယ်ရှိုးပွဲတွေလည်း သီဆိုဖြစ်နေကြောင်း ကြက်ဖက ပြောကြားပါတယ်။