News

POST TYPE

ENTERTAINMENT

၂၀၁၇ ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ La La Land ဇာတ်ကား ဆုအများဆုံး ဆွတ်ခူးပြီး စံချိန်သစ်လည်းတင်
09-Jan-2017
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ၇၄ ကြိမ်မြောက် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ La La Land ဇာတ်ကားက ဆုအများ ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် စံချိန်သစ်တစ်ခုကိုပါ တင်လိုက်နိုင်ပါတယ်။

ရိုင်ယန်ဂိုးစလင်းနဲ့ အမ်မာစတုန်းတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂီတအခြေခံရုပ်ရှင် La La Land ဟာ ယခုနှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲ စကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဆုအမျိုးအစား ၇ မျိုးလုံးကို ဆွတ်ခူးနိုင်တဲ့ စံချိန်တင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

La La Land ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဆု (ဂီတအခြေပြု/ဇာတ်မြူး)၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ ရိုင်ယန်ဂိုးစလင်းနဲ့ အမ်မာစတုန်းတို့အတွက် အကောင်းဆုံး သရုပ်ဆောင်ဆုတွေ အပါအဝင် ဆုပေါင်း ၇ ဆုအထိ ဆွတ်ခူးနိုင်ခဲ့တာပါ။

ယခုနှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲရဲ့ တစ်သက်တာ ဂုဏ်ထူးဆောင်ဆု အနေနဲ့ ချီးမြှင့်တဲ့ Cecil B. DeMille Award ကို ဟောလိဝုဒ်ရဲ့ ဝါရင့်အမျိုးသမီးသရုပ်ဆောင်ကြီး မာရေးလ်စထရိက ဆွတ်ခူးသွားခဲ့ပါတယ်။

အကောင်းဆုံးရုပ်ရှင်ဆု (ဒရာမာ) ကိုတော့ Moonlight ဇာတ်ကားက ရရှိသွားခဲ့ပြီး ယင်းဇာတ်ကားဟာ အော်စကာဆုအတွက်ပါ ရေပန်းစားလျက် ရှိပါတယ်။

Ref : CNN