POST TYPE

ENTERTAINMENT

ဝါရင့်အိန္ဒိယသရုပ်ဆောင်ကြီး အွမ်ပူရီ ကွယ်လွန်
06-Jan-2017 tagged as သရုပ်ဆောင်

အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် ဝါရင့်သရုပ်ဆောင်ကြီး အွမ်ပူရီဟာ သောကြာနေ့ မနက်အစောပိုင်းက မွမ်ဘိုင်းမြို့ရှိ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပြီ ဖြစ်တဲ့ အွမ်ပူရီဟာ ရုတ်တရက် နှလုံးဖောက်တဲ့ ဝေဒနာနဲ့ ကွယ်လွန်သွားခဲ့တာပါ။

အွမ်ပူရီဟာ ၁၉၈၀ လွန်နှစ်တွေတုန်းက အိန္ဒိယရဲ့ ထိပ်တန်းရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အပြင် ဗြိတိသျှ ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာဆိုရင် အိန္ဒိယနဲ့အာရှမှာ သာမက နိုင်ငံတကာမှာပါ ကျော်ကြားခဲ့ပြီး ဗြိတိသျှထီးနန်းရဲ့ OBE ဘွဲ့ ချီးမြှင့်ခြင်းကို ခံခဲ့ရတဲ့ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။

အွမ်ပူရီ ကွယ်လွန်သွားခဲ့တဲ့အပေါ် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒါမိုဒီရဲ့ အစိုးရအဖွဲ့က ဦးဆောင်ပြီး ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Ref : BBC