POST TYPE
ENTERTAINMENT
G Fatt နှင့် တွေ့ဆုံခြင်း
08-Dec-2020
"လူငယ်တွေအတွက်၊ ကျွန်တော်နဲ့ အတူတူ လိုက်ပါစီးမျောနေတဲ့ ကျွန်တော့်ပရိသတ်တွေအတွက် အားကျရတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်"

G Fatt နဲ့ တွေ့ဆုံ၍ ကိုဗစ်ကာလမှာ ဖြတ်သန်းဖြစ်နေတဲ့အကြောင်းနဲ့ မွေးနေ့မှာ ဘယ်လိုဖြတ်သန်းဖြစ်မယ်ဆိုတဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။
Voice : ဒီကာလမှာ ဘာတွေလုပ်ဖြစ်နေလဲ။
GF : ကျွန်တော့်မွေးလဖြစ်နေလို့ ဒီဇင်ဘာလဆိုတော့။ ပုံမှန်အတိုင်း ဆိုရင်တော့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့။ အခုကတော့ ကိုဗစ်နဲ့ ဆိုတော့ လုပ်လို့မရဘူးပေါ့။ ပရိသတ်နဲ့ ကျွန်တော်နဲ့ကြားထဲမှာ တခြား လုပ်ဆောင်ချက်တစ်ခုခုဖြစ်ဖို့အတွက် ကြံစည်ထားပါတယ်။ ၃၊ ၄ လလောက်ကတည်းက ကြိုတင်ပြီးပြင်ဆင်ထားဖြစ်ပါတယ်။ အကောင်အထည်မပေါ်သေးတဲ့အတွက် ကြိုတင်တော့ မပြောပြနိုင် သေးပါဘူး။ ကျွန်တော့်ပရိသတ်အတွက် အမြဲတမ်း Suprise လုပ်နေကျဖြစ်တယ်။ ဒီအရှေ့တွေမှာလည်း အိပ်ရာဝင်ပုံပြင်တို့ တခြားသီချင်းတွေ တောက်လျှောက်ထွက်ခဲ့တယ်။ အခုလည်း ဒီဇင်ဘာလမှာလည်း သီချင်းအသစ်တွေထွက်ဖို့လည်း ကြိုးစားနေ တယ်။ သူတို့နဲ့ အတူတူပူးပေါင်းလုပ်လို့ရမယ့် အစီအစဉ်တွေကိုလည်း ကျွန်တော်စီစဉ်နေတယ်။ ဖြစ်လာတဲ့အခါကျရင် ကြိုတင်ကြေညာ ပါ့မယ်။
Voice : တချို့က Online Show လုပ်နေတာတွေရှိတယ်။
GF : သေသေချာချာအတိအကျကြီးရယ်တော့ မပြောပြတတ် သေးပါဘူး။
Voice : မွေးနေ့မှာရော ဘာတွေလုပ်ဖို့ရှိလဲ။
GF : ကျွန်တော့်မွေးနေ့က New Year ဖြစ်နေတယ်။ ပုံမှန်အတိုင်း ကတော့ Show ပွဲတွေ ဆိုဖြစ်တယ်။ ဒီနှစ်ကတော့ ဘယ်လို ဖြစ်မလဲမသိသေးပါဘူး။ ပွဲတွေလည်းမရှိဘူးဆိုတော့။ အွန်လိုင်း ကနေ တစ်ခုခုလုပ်ဖို့ စဉ်းစားနေပါတယ်။ ပုံမှန်အတိုင်းက ပရိသတ်တွေနဲ့ တွေ့ဆုံပွဲလုပ်တယ်။ မလုပ်ဖြစ်ရင် Show ပွဲ သွားဆိုတာ များတယ်။ ဒီနှစ်ကတော့ အဲဒါတွေမလုပ်ရတော့ ပရိသတ်တွေကို လွမ်းနေရမှာပေါ့။
Voice : ၂၀၂၀ ကုန်တော့မယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လိုသုံးသပ်မိလဲ။
GF : ၂၀၁၉ ဒီဇင်ဘာလောက်ကစပြီး Show ပွဲလုပ်ခဲ့တယ်။ အဲဒီကနေ တောက်လျှောက်မှာ ပရိသတ်တွေအတွက် တာဝန်ကျေခဲ့ တယ်လို့ ခံစားရပါတယ်။ ကြားထဲမှာ လုပ်သင့်လုပ်ထိုက်တာတွေ လည်း လုပ်ခဲ့တဲ့အတွက်၂၀၂၁ မှာလည်း အဲဒီလိုဖြတ်သန်းဖို့ ကြိုးစားပါ့မယ်။
Voice : လာမယ့် ၂၀၂၁ မှာရော ဘယ်လိုဖြတ်သန်းမယ် စိတ်ကူး ထားလဲ။
GF : ၂၀၂၁ မှာ လေ့လာမှုတွေ၊ ကျွန်တော် မသိသေးတဲ့ အရာတွေ အများကြီးရှိတယ်။ အဲဒီလိုဟာတွေထပ်ပြီး ဖြည့်ဆည်းမယ်။ လူငယ်တွေအတွက်၊ ကျွန်တော်နဲ့အတူတူ လိုက်ပါစီးမျောနေတဲ့ ကျွန်တော့်ပရိသတ်တွေအတွက် အားကျရတဲ့ လူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်။
နွယ်နီ
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021
-
19-Jan-2021