News

POST TYPE

ENTERTAINMENT

ပိုးအိအိခန့်နှင့် တွေ့ဆုံခြင်း
03-Dec-2020
"တချို့လည်း တကယ် မှန်မှန်ကန်ကန် ဝယ်သူတွေလည်းရှိသလို တချို့လည်း မှာပြီး ဝယ်ပြီးတော့ တာဝန်မယူတဲ့သူတွေလည်း ရှိတယ်"



ပိုးအိအိခန့်နဲ့ တွေ့ဆုံ၍ အွန်လိုင်းပေါ်မှာ Live လွှင့် ဈေးရောင်းဖြစ်နေတဲ့အကြောင်းနဲ့ အလှူပြုလုပ်ခဲ့တဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : အလှူအတွေ့အကြုံလေး ပြောပြပေးပါဦး။
PEEK : မထနိုင်တဲ့သူတွေပေါ့။ တော်တော်နာမကျန်းဖြစ်နေတဲ့သူတွေ။ ဝင်ပေးမှဖြစ်မယ့် အဆင်မပြေတဲ့နေရာတွေကို ပေးတာပါ။

Voice : အွန်လိုင်းပေါ်မှာ Live လွှင့် ဈေးရောင်းဖြစ်နေတဲ့အကြောင်းလေးရော ပြောပြပေးပါဦး။
PEEK : အိမ်ထဲမှာနေရတာ ပျင်းလာတယ်။ နောက်တစ်ခုက အတွေ့အကြုံ လေးတစ်ခု လိုချင်တယ်။ ပရော်ဖက်ရှင်နယ်ပုံစံ လုပ်မလားဆိုတော့ မလုပ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဒီနေ့ Live လွှင့်ပြီးတော့ လုပ်ကြည့်မယ် ဟေ့ဆိုရင် လုပ်လိုက်တယ်။ ဒီရက်ပိုင်းမှာ ကလေးကို အချိန်ပေးလိုက် ဦးမယ်ဆိုလည်း ပေးလိုက်တယ်။ အလုပ်လာအပ်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့ကိုလည်း အားနာတယ်။ ရက်အတိအကျ မပေးနိုင်ဘူး။ မအားတာလားဆို မဟုတ်ဘူး။ ကိုယ့်ကလေးကို အချိန်ပေးချင်တဲ့စိတ် ဖြစ်နေတယ်ဆိုရင် မလုပ်ချင်ဘူး။ အခုအချိန်မှာ ကလေးကလည်း အရမ်း ငယ်သေးတော့ မိဘရဲ့သွန်သင်ဆုံးမမှုလည်း လိုသေးတယ်။ အဲအတွက်ကြောင့် အလုပ်ကိုအရမ်းကြီးမလုပ်ဘူး။ ဒါကတော့ အပျင်းပြေ သဘောမျိုးရယ်၊ အတွေ့အကြုံသဘောမျိုးရယ် လုပ်တာပေါ့။

Voice : အတွေ့အကြုံလေးတွေရော ပြောပြပေးပါဦး။
PEEK : အတွေ့အကြုံက အိမ်မှာထိုင်နေတာထက်စာရင် အများကြီး အတွေ့အကြုံရတာပေါ့။ တစ်ယောက်နဲ့တစ်ယောက်နဲ့ ဈေးဝယ်သူတွေနဲ့ စကားပြောရတာတို့။ အမှန်ဆို သူစိမ်းတွေနဲ့ စကားမပြောတတ်ဘူး။ ကိုယ်က ရောင်းသူဖြစ်သွားတယ်။ လူပေါင်းစုံနဲ့တွေ့ရတာပေါ့။ တချို့လည်း တကယ်မှန်မှန်ကန်ကန်ဝယ်သူတွေလည်းရှိသလို တချို့လည်း မှာပြီးဝယ် ပြီးတော့ တာဝန်မယူတဲ့သူတွေလည်း ရှိတယ်။ လူတိုင်း မဟုတ်ပါဘူး။ အယောက် ၁၀ဝ မှာ ၁ ယောက်၊ ၂ ယောက်လောက်ပဲ။

Voice : နေစရာလှူပေးခဲ့တယ်ဆိုတဲ့ အလှူအတွက် ပီတိစကားလေး ပြောပြပေးပါဦး။
PEEK : အဲဒီအလှူအတွက် ဝမ်းသာတယ်။ သူများနေစရာမရှိတာကို ကိုယ်က နေစရာလေး ဖန်တီးပေးလိုက်တယ်ဆိုတဲ့အလှူက မလှူဖြစ်ဘူး။ တခြားအလှူတွေသာ လှူရင်လှူမယ်။ နောက်ပိုင်းကျရင် ဒါမျိုး လေးတွေလည်း လှူပေးလို့ရပါလားဆိုတဲ့ သဒ္ဒါစိတ်လည်း ထပ်ဖြစ်သွားတယ်။

Voice : ဇာတ်ကားတွေပြန်ရိုက်ဖို့ရော အစီအစဉ်ရှိလား။
PEEK : ကိုဗစ်အခြေအနေကောင်းသွားတဲ့အခါ၊ အလုပ်ရှင်တွေ အလုပ်အပ်တဲ့အခါ၊ ညီမကလည်း လုပ်နိုင်တဲ့အခြေအနေရှိတဲ့အခါမှာတော့ အားလုံးပေါင်းဆုံသွားရင် လုပ်ဖြစ်မှာပေါ့။

နွယ်နီ