News

POST TYPE

ENTERTAINMENT

နေခြည်ဦးနှင့် တွေ့ဆုံခြင်း
19-Nov-2020
"ကျောက်မျက်လောက က မထက်ရဲ့ Live မှာမှ စသိတာ"



နေခြည်ဦးနဲ့ တွေ့ဆုံ၍ အကျိုးအမြတ်မယူဘဲ အွန်လိုင်းမှာ ကျောက်မျက်ရတနာရောင်းဖြစ်တဲ့အကြောင်းနဲ့ ထက်ထက်မိုးဦး Live မှာ ကျောက်မျက်ရတနာ ဝယ်ဖြစ်တဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။ 

Voice : အွန်လိုင်းမှာ ပစ္စည်းရောင်းဖြစ်တဲ့အကြောင်း လေးပြောပေးပါဦး။ 
NCO : Online Sale က ဝါသနာပါတာရယ်၊ ကျောက်မျက်ကို ချစ်တယ်ဆိုတဲ့စိတ်နဲ့သာ လုပ်တာပါ။ ကိုယ့်ဘက်က တာဝန်ယူရတဲ့အပိုင်းက အရမ်းကြီးတယ်။ ပြီးတော့ လက်ဝတ်ရတနာဆိုတာလည်း အပြင်မှာ ကြည့်ပြီး ဝယ်ရတဲ့ဖီလင်က ပိုပြီးတော့ အရသာရှိတယ်။ အွန်လိုင်းကနေ နေခြည့်ကို ယုံကြည်တဲ့ စိတ်တစ်ခုရယ်၊ She Shines လိုမျိုး ဆိုင်တစ်ခုကို ယုံကြည်တဲ့စိတ်တစ်ခုနဲ့ ဝယ်ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ပိုင်းလည်း Sale တွေတော့ လုပ်ချင်တယ်။ အရမ်းတာဝန်ယူရတဲ့အတွက် Brand တွေတော့ အများကြီးစိစစ်နေရတယ်။ 

Voice : ကိုယ်အပိုင်နိုင်ဆုံး ကိုင်တွယ်နိုင်တာ ဘာဖြစ်မလဲ။ 
NCO : အပိုင်နိုင်ဆုံးကတော့ မိတ်ကပ်ပါ။ မိတ်ကပ်တွေ Live Sale လုပ်ချင်တာ။ ဒါပေမဲ့ Live Sale ဘက်လည်း သပ်သပ်ကြီးတစ်လိုင်းခွဲမထွက်ချင်ဘူး။ ကိုယ်တိုင်ကလည်း ဆိုရှယ်မီဒီယာမှာ Active ဖြစ်တာပဲကြိုက်တဲ့အတွက် ကိုယ်တကယ်ယုံကြည်တဲ့တံဆိပ်ဆိုရင်တော့ Awareness တစ်ခုအနေနဲ့ လုပ်ပေးချင်ပါတယ်။ Sale တစ်ခုအနေနဲ့ချည်းပဲတော့ ကိုယ့်နာမည်ကို Brand တွေ အများကြီးနဲ့တော့ မလုပ်ချင်ဘူး။ 

Voice : ကျောက်မျက်အကြောင်းကို ဘယ်လို စသိတာလဲ။ 
NCO : ကျောက်မျက်လောကက မထက်ရဲ့ Live မှာမှ စသိတာ။ အစက နီလာဆိုတာ အနီလား၊ အပြာလား လုံးဝမသိတဲ့လူတစ်ယောက်က တန်ဖိုးကြီးတဲ့ပစ္စည်း တွေနဲ့ ထိပ်တန်းရတနာဆိုင်တစ်ခုနဲ့ လက်တွဲရမှာဖြစ်တဲ့ အတွက် ဖိအားလည်းအရမ်းများခဲ့တယ်။ နှစ်ဆကြိုးစား ရမယ်ဆိုတဲ့စိတ်ရှိတယ်။ ပြီးတော့ အကျိုးအမြတ် လုံးဝမယူဘဲနဲ့ ရတဲ့အကျိုးအမြတ်ရဲ့ ရာခိုင်နှုန်းကို ပြန်လှူမယ်ဆိုတဲ့စိတ်နဲ့ လုပ်ပေးချင်တယ်။ 

Voice : Live Sale ရောင်းတော့ ပထမဆုံး အတွေ့အကြုံလေး ပြောပြပေးပါဦး။ 
NCO : ဝယ်ပေးတဲ့ Customer တွေကို အရမ်းလည်း ဝမ်းသာတယ်။ ဝယ်တာတစ်ခုနဲ့တင် ကျေးဇူးအများကြီးတင်တယ်။ နောက်ဆုံးနေ့က ဝက်ဝက်ကွဲအောင် ရောင်းရတဲ့နေ့ပေါ့။ 

Voice : မထက် Live မှာ လက်ဝတ်ရတနာ ဝယ်ဖြစ်တာလေးကရော။
NCO : တစ်ခါမှ လက်ဝတ်ရတနာမဝယ်ဖူးတဲ့သူတောင် သိန်း ၄၀ဝ ဖိုး ဝယ်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့နော်။ ကျောက်မျက်လက်ဝတ်ရတနာ လုံးဝ မကြိုက်တတ်ဘူး။ ဒီလိုဖြစ်လာအောင်လည်း မထက်ရဲ့ ကျေးဇူးတွေ တစ်စိတ်တစ်ပိုင်းပါတယ်။ သူ့ကြောင့်ပဲ ကျောက်မျက် ရတနာတွေ ပိုစိတ်ဝင်စားလာတယ်။ သူ့ကြောင့်ပဲ ဒီလောကထဲ ဝင်လာပြီးတော့ ကျောက်မျက်ချစ်သူ တစ်ယောက် ဖြစ်လာတာပေါ့။

နွယ်နီ