News

POST TYPE

ENTERTAINMENT

မိုးမိုးနှင့် တွေ့ဆုံခြင်း
16-Nov-2020
"လောလောဆယ် ဒုက္ခရောက်နေတဲ့သူတွေကို ကာလဒါနအနေနဲ့ လှူဒါန်းတာပေါ့"



မိုးမိုးနဲ့ တွေ့ဆုံ၍ သရုပ်ဆောင်နေတိုးတို့ စုပေါင်းလှူဒါန်းတဲ့ အလှူတက်ရောက်ဖြစ်ပုံနဲ့ ကိုဗစ်ကာလမှာ ကာလဒါနအလှူ ပြုလုပ်ဖြစ်နေတဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : ဒီနေ့အလှူလာဖြစ်ပုံလေး ပြောပြပေးပါဦး။
MM : ကျွန်တော့်မိတ်ဆွေတို့က လူနာတင်ယာဉ် ၂ စီး လာလှူတာပေါ့။ အဲဒါကို ကျွန်တော်တို့လည်း ပါဝင်သာဓုခေါ်ဖို့ ဖိတ်တာပါ။ အဲဒါကြောင့် လာတာပါ။

Voice : ကိုယ်တိုင်လှူတာနဲ့ သူများလှူတာကို သာဓုခေါ်ရတာ ဘယ်လို ကွာလဲ။
MM : ဗုဒ္ဓဘာသာ အယူအဆမှာဆိုရင် အတူတူပါပဲ။ တစ်ကျပ်လှူလှူ၊ မလှူလှူ သူများလှူတဲ့အပေါ်မှာလည်း မုဒိတာစိတ်နဲ့ စိတ်ထဲမှာ ကြည်ကြည်နူးနူး နဲ့ ခေါ်မိရင် ကုသိုလ်ရတာပါပဲ။ သိပ်တော့ ကွာမယ်မထင်ပါဘူး။ ကိုယ်တိုင် လှူနိုင်အောင်လည်း ကျွန်တော်ကတော့ ကြိုးစားရဦးမှာပေါ့။

Voice : ကိုဗစ်အတွင်းမှာရော ကိုယ်တိုင်လှူတာတွေရှိလား။
MM : ကိုဗစ်အတွက်ကတော့ တောက်လျှောက်လှူနေတာတွေရှိတယ်။ တစ်ခုရှိတာက ဒီ ၁ လကျော်လောက်မှာ တကယ်ဒုက္ခရောက်နေပြီး ကိုဗစ်နဲ့ ပတ်သက်ရင် ကာလဒါနလေးတွေ လုပ်နေတာရှိတယ်။ ကိုဗစ်ကြောင့် စားစရာ မရှိတော့ဘဲ ငတ်တော့မယ့်အခြေအနေမျိုးဖြစ်နေတဲ့ မိသားစုတွေပေါ့။ အဲဒါတွေကို ကျွန်တော့်အနေနဲ့ အလှူခံပေးတယ်။ အလှူခံတဲ့အခါကျတော့ လည်း သူတို့ရဲ့ ဖြစ်ကြောင်းကုန်စင်လေးတွေ ရေးပြီးတော့ တင်ပေးတယ်ပေါ့။ ကျွန်တော့်ရဲ့ပေ့ချ်မှာ။ တစ်ခုရှိတာက သူတို့ရဲ့မျက်နှာတွေလည်း မဖော်ပြဘူး။ သူတို့ရဲ့နေရပ်လိပ်စာတွေလည်း ရေးမပြဘူး။ ဘာလို့ဆို တချို့တွေက ယာယီ ဒုက္ခရောက်တဲ့အနေအထားမှာ ဖြစ်တဲ့အတွက် အမြဲတမ်း အကူအညီ တောင်းတဲ့သူတွေ မဟုတ်တဲ့အတွက် သူတို့ရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာသော အားဖြင့် ဓာတ်ပုံတွေလည်း မတင်ဘူး။ နာမည်ဆိုလည်း အပြည့်အစုံ မတင် ပေးဘူး။ လှူဒါန်းတဲ့နေရာမှာ မျက်နှာတွေလည်း မဖော်ပြဘူး။ လိပ်စာတွေလည်း မရေးဘူး။ လောလောဆယ် ဒုက္ခရောက်နေတဲ့သူတွေကို ကာလဒါန အနေနဲ့ လှူဒါန်းတာပေါ့။

Voice : အခုလို လှူဒါန်းတဲ့အခါမှာ ဘယ်လိုပုံစံမျိုးတွေ အများဆုံးတွေ့ရလဲ။
MM : တချို့ဆို တစ်သောင်း၊ တစ်သောင်းခွဲလောက်နဲ့ကို တော်တော် အဆင်ပြေသွားတဲ့သူတွေကို တွေ့ရတယ်။ အဲလိုပေါ့ ကာလဒါနဆိုတာ လောလောဆယ် ချက်ချင်းလိုအပ်နေတာကို လှူပေးလိုက်တာ။ နာတာရှည် ရောဂါသည်တွေတို့၊ နေစရာမရှိတဲ့သူတွေအတွက်တော့ မလှူနိုင်သေးဘူးပေါ့။

နွယ်နီ