News

POST TYPE

ENTERTAINMENT

မေမဒီနှင့် တွေ့ဆုံခြင်း
13-Sep-2020
"ကိုဗစ်ကာလမှာအဆင်မပြေလို့ ဈေးရောင်းဖြစ်သွားတာ"



မေမဒီနဲ့တွေ့ဆုံ၍ ကိုဗစ်ကာလမှာဈေးရောင်းဖြစ်နေတဲ့အကြောင်းနဲ့ အခက်အခဲတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice  : အခုကာလမှာ ဘာတွေလုပ်ဖြစ်နေလဲ။
MMD    : အိမ်မှာ ကိုယ်ကအလုပ်မရှိရင် မနေတတ်တဲ့သူဆိုတော့ သီချင်းလည်းမဆိုရဘူး။ ဘာမှလည်းမလုပ်ရဘူး။ ရိုက်ကူးရေးတွေလည်း အကုန်နားပြီး Entertainment တစ်ခုလုံးက ပိတ်ထားတာဆိုတော့ အဆင်မပြေဘူး။ ပြီးတော့ဝင်ငွေမရှိရင် ကြာကြာမရပ်နိုင်ဘူး။ ဒီကြားထဲမှာ မီတာခတွေလည်း တက်သွားတာတွေရှိတယ်။ ခက်ခဲတာတွေရှိတဲ့အခါကျတော့ ဈေးရောင်းဖြစ်သွားတာပါ။

Voice  : ဈေးရောင်းဖြစ်တဲ့အကြောင်းကိုရော ပြောပေးပါဦး။
MMD    : ဒါကတော့ ကိုဗစ်ကာလမှာ အဆင်မပြေလို့ ဈေးရောင်းဖြစ်သွားတာ။ သူများတွေလိုပါပဲ။

Voice  : အနုပညာအလုပ်တွေလည်းလုပ်ရတော့ ဈေးရောင်းတာကို ဘယ်လိုမျိုးရှေ့ဆက်သွားဖြစ်မလဲ။
MMD    : ကြာသပတေးနေ့တွေဆို မလုပ်နိုင်တော့ဘူး။ အခွေအတွက်လည်း လုပ်နေရတဲ့အခါကျတော့ အချိန်ပေးရတယ်လေ ဒီဘက်ကို။ ပြီးတော့ တစ်ယောက်တည်းလုပ်ရတဲ့အခါကျတော့ အဆင်မပြေဘူး။ အဲဒါကြောင့် ခဏတော့ပြန်နားထားတယ်။ ပင်လည်း ပင်ပန်းတယ်လေ။

Voice  : ဆိုင်ဖွင့်ဖို့ အစီအစဉ်ရောရှိလား။
MMD    : ဆိုင်ကတော့ဖွင့်ချင်တယ်။ လူခွဲမရှိတဲ့ဒဏ်ကိုမခံနိုင်ဘူး။ တစ်ယောက်တည်းလုပ်ရတော့။ ဈေးသွားလည်း မနက်အစောကြီးထ။ ညဆိုရင် သိပ်အိပ်တဲ့သူတွေမဟုတ်တော့ မနက်ကျထတာ နောက်ကျတယ်။ ဈေးရောင်းတဲ့နေ့ဆို မနက်အစောကြီးထ၊ ဈေးကိုပြေး။ ပြီးရင်ငါးလွှာမှာနေတာဆိုတော့ ငါးလွှာကို ဈေးထုပ်တွေနဲ့တက်ရတာဆိုတော့ နည်းနည်းတော့ စဉ်းစားနေတယ်။

Voice  : အလုပ်တွေ ပြန်လုပ်ရရင်ရော ဘာတွေဆက်လုပ်ဖို့ရှိသေးလဲ။
MMD    : ပြန်ပြီးတော့ အလုပ်တွေပြန်ဖွင့်ရင်တော့ ပိုက်ဆံပြန်စုရတော့မှာပေါ့။ အခုလည်း စုထားသမျှအကုန်ကုန်ပြီလေ။ အခွေလုပ်လိုက်တဲ့အခါကျတော့။ ပြန်စုမယ်။ တကယ်လို့ တစ်ခုခုကြုံလာခဲ့ရင် အခုဆိုတိုင်တွေ အရမ်းပတ်တယ်လေ။ အဲအခါကျတော့ ရှေ့နောက်အတွက် အစီအစဉ်လေးတွေဆွဲဖို့ အသိတရားဝင်လာတာပေါ့။ အသုံးအဖြုန်းလေးတွေ လျှော့ပြီးတော့။

Voice  : ပရိသတ်ကို ဘာများပြောချင်သေးလဲ။
MMD    : သီချင်းတွေနဲ့ပဲ ရှေ့ဆက်မှာပါ။ MTV ရိုက်ထားတာလေး လည်းရှိတယ်။ MTV လေးတွေလည်း ထွက်ပါဦးမယ်။ အားပေးပါဦးလို့။ 

နွယ်နီ