News

POST TYPE

ENTERTAINMENT

ကျော်ထက်ဇော်နှင့် တွေ့ဆုံခြင်း
13-Sep-2020
"စိတ်တော့ မကောင်းဘူးပေါ့။ လူတိုင်းကတော့ ကိုယ့်မိဘနဲ့ ရှင်သန်ချင်ကြတာပဲလေ"



ကျော်ထက်ဇော်နဲ့တွေ့ဆုံ၍ မွေးနေ့မှာ ခိုင်နှင်းဝေဂေဟာက ကလေးတွေအတွက် လှူဒါန်းဖြစ်တဲ့အကြောင်းနဲ့ ကလေးတွေအတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : ခိုင်နှင်းဝေဂေဟာမှာ ကလေးတွေအတွက် လာလှူဖြစ်တာကို ပြောပေးပါဦး။
KHZ : ဟိုတစ်ခေါက်ကလည်း တစ်ခေါက်လာလှူဖြစ်တယ်။ ဒီတစ်ခေါက် ကတော့ ကလေးတွေအတွက် နို့မှုန့်တွေလာလှူဖြစ်တာပါ။ 

Voice : ကလေးတွေအတွက် ခံစားချက်လေးပြောပေးပါဦး။
KHZ : ခံစားချက်က စိတ်တော့မကောင်းဘူးပေါ့။ လူ့လောကမှာ ဖြစ်ချင်တိုင်းလည်းမဖြစ်ရဘူး။ ဘုရားပေးသလောက်ပေါ့။ ကလေးတွေ အကုန်လုံးကလည်း ကံ ကံ၏အကျိုးပေါ့။ အစ်မလိုမျိုး သေသေချာချာ ပြုစုစောင့်ရှောက်ပေးမယ့်သူမျိုးရှိတဲ့အတွက် တခြားအလှူရှင်တွေ ကလည်း တတ်နိုင်တဲ့ပမာဏလေးပေါ့၊ တစ်ရက်စာပဲဖြစ်ဖြစ်၊ တစ်နာရီစာပဲ ဖြစ်ဖြစ်၊ ဆယ်နာရီစာပဲဖြစ်ဖြစ်၊ အကူအညီလေးတစ်ခုရထားမယ်ဆိုရင် ကျွန်တော်တို့အတွက်လည်း ပီတိဖြစ်တာပေါ့။

Voice : ကလေးတွေကိုမြင်ရတော့ ဘယ်လိုခံစားရလဲ။
KHZ : စိတ်တော့မကောင်းဘူးပေါ့။ လူတိုင်းကတော့ ကိုယ့်မိဘနဲ့ရှင်သန်ချင်ကြတာပဲလေ။ လူ့လောကမှာ ကိုယ့်အဖေ၊ အမေနဲ့ ဒီလိုပဲ လည်ပတ်နေကြတာဆိုတော့ ရှေ့ရေးအတွက်တွေးကြည့်ရင် စိတ်မကောင်း ဘူး။ ဘာပဲပြောပြော အစ်မလည်း သေသေချာချာ ပြုစုပျိုးထောင်ပေး နေတဲ့အချိန်ဆိုတော့ ကလေးတွေအတွက် အကောင်းဆုံးအနာဂတ် လေးတွေတော့ ဖြစ်လာမှာပေါ့။

Voice : ကိုယ်တိုင်က ကလေးချစ်တတ်တဲ့အထဲမှာပါလား။
KHZ : ကျွန်တော်က ကလေးချစ်တတ်တဲ့အထဲမှာပါတယ်။

Voice : ဒီနှစ်မွေးနေ့က ပိုထူးခြားတာမျိုးရှိလား။
KHZ : ထူးခြားတာက ကိုဗစ်ဖြစ်နေတာပေါ့။ ပထမတစ်ခေါက်က အလှူလေးတွေလုပ်ဖို့ သေချာစီစဉ်ထားတယ်။ ကိုဗစ်ဖြစ်တော့ ကျွန်တော့်ရဲ့ ပရိသတ်တွေလည်း မလာဖြစ်ဘူး။ သူတို့တွေ တော်တော်များများ      နယ်ကနေလာကြမယ်ဆိုတဲ့ ပရိသတ်တွေလည်း အများကြီးရှိတယ်။ အကုန်လုံးကိုလည်း မလာပါနဲ့လို့ မေတ္တာရပ်ခံထားတယ်။ ဘာလို့လဲဆိုတော့ အခုအချိန်က သူသူကိုယ်ကိုယ် ကျန်းမာရေးကို အထူးဂရုစိုက်ရမယ့် အချိန်ဖြစ်နေတော့ တတ်အားသရွေ့ပေါ့၊ မိမိကစကာကွယ်ပါ ဆိုတဲ့အတိုင်း ကိုယ့်ကိုယ်ကိုယ်ကစပြီး ကာကွယ်ရတယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ကိုလည်း လိုက်နာဖို့ပြောရတယ်။ အထူးခြားဆုံးဖြစ်တာက မွေးနေ့မှာ ဒီလိုဖြစ်တဲ့အတွက် ဘာပဲပြောပြောလေ ကိုယ်တစ်ယောက်တည်း ဖြစ်တာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကပ်ရောဂါဆိုတော့ ဝိုင်းဝန်းပြီး ခုခံ ရမှာပေါ့။                                                                        
နွယ်နီ