News

POST TYPE

ENTERTAINMENT

မြတ်သူသူဇင်နှင့် တွေ့ဆုံခြင်း
11-Sep-2020
"အသံပါပြောင်းတဲ့အထိ  ကြောင်တာပေါ့။  အဲဒါကို တော်တော်ကို  ရှက်ကြောဖြတ်ပြီး လုပ်ရတယ်" 



မြတ်သူသူဇင်နဲ့ တွေ့ဆုံ၍ တို့မမနဲ့တို့ ဇာတ်လမ်းတွဲထဲကကာရိုက်တာအကြောင်းနဲ့ ဇာတ်ကားရိုက်ကူးတုန်းက အခက်အခဲတွေကို တွေ့ဆုံမေးမြန်းထားတာပဲ ဖြစ်ပါတယ်။

Voice : တို့မမနဲ့တို့ ဇာတ်လမ်းတွဲမှာ အက်တင်အိုဗာဖြစ်တယ်လို့ပြောကြတဲ့အပေါ် စိတ်မကောင်းဖြစ်တာမျိုးရှိလား။
MTTZ : မဖြစ်ပါဘူး။ တမင်လုပ်ထားတာ။ ဘာဖြစ်လို့လဲဆိုတော့ မြတ်သူက ဒီလို ဟာသတစ်ခါမှ မလုပ်ဖူးဘူးလေ။ မလုပ်ဖူးတဲ့ အတွက် ပုံမှန် ဟာသသရုပ်ဆောင်တစ်ယောက်ဆိုရင် သူ့ကိုကြည့် လိုက်တာနဲ့ သူဟာသ လုပ်နေတယ်ဆိုပြီး တွဲမြင်တယ်။ မြတ်သူက ဒရာမာဘက်ကနေ ရိုက်တာများတဲ့အခါကျတော့ ပုံမှန်လောက် လေးပဲလုပ်ရင် သူဘာတွေ လုပ်နေတာလဲ ရယ်လည်း မရယ်ရဘူး ဆိုတာမျိုး ဖြစ်သွားမှာပေါ့။ အဲဒါကြောင့် တမင်တကာကို အိုဗာ လုပ်တာ။ နောက်မှာ ဇာတ်လမ်း ပြောင်းချင်တာတွေရှိတယ်။ ရှေ့မှာ မကြိုက်ဘူးလို့ပဲပြောပြော၊ အိုဗာလို့ ပဲပြောပြော ကြိုက်သလောက် ပြော ကျေနပ်တယ်။ နောက်မှာ ပြောင်းချင်တာရှိတယ်။ အရှေ့နဲ့ အနောက်နဲ့ကို ကွဲပြားချင်တယ်ဆိုရင် တစ်ခုခုကိုတော့ ထင်းအောင် လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးခံယူထားတဲ့အတွက် ဆရာတို့ကလည်း ဘယ်လို လုပ်သင့်တယ်ဆိုပြီး သင်ပေးတယ်။ ကာရိုက်တာရဲ့ လိုအပ်ချက်အရလည်း လုပ်ရတယ်။

Voice : ဘယ်လိုပုံစံမျိုးတွေ ထပ်လာဦးမလဲ။
MTTZ : ဒီထက်ပိုဆိုးတဲ့ အခန်းတွေတောင်ရှိတယ်။ ဒါအစပဲ ရှိပါသေးတယ်။ ထပ်ပြီးတော့ ပြောစရာတွေ ရှိပါသေးတယ်။ ကာရိုက်တာကိုက ဖွန်ကြောင်တဲ့ကာရိုက်တာဖြစ်တဲ့အတွက် အရှေ့မှာ အပိုင်း ၁ ဇာတ်စဖွင့်ကတည်းကိုက အွန်လိုင်းမှာတွေ့တဲ့သူနဲ့ချိန်းပြီး တွေ့တာ။ သူ့ရဲ့ ဖွန် ဘယ်လောက်ကြောင်လဲဆို အပြင်မှာသိတာ၊ မသိတာထား။ အွန်လိုင်းကနေတောင် တွေ့တဲ့သူနဲ့ ချိန်းတွေ့နေတဲ့ ကာရိုက်တာဖြစ်တယ်။

Voice : သန်းသန်းဆွေကာရိုက်တာနဲ့ပတ်သက်ပြီး ပရိသတ်ကို ဘာပြော ချင်လဲ။
MTTZ : တချို့ကတော့ ထင်ကြတယ်။ အစစ်မတော့ရှပြီပေါ့။ တချို့ ကျတော့လည်း အချိန်တန်ရင် အစစ်မနဲ့ ညားမှာပေါ့။ အဲလိုမျိုးဝေဖန်ပြီး သူတို့လိုရာဆွဲပြောနေတာကို ကျေနပ်နေတာ။ ဘာလို့လဲဆိုတော့ သန်းရဲ့ အကြောင်းကို ကိုယ်ပဲသိတယ်။ ဘယ်လိုဖြစ်မလဲဆိုတာ။ သန်းကို အားပေး ကြပါ။ သန်းကိုဝိုင်းပြီးတော့ ချစ်ပေးကြပါလို့ ပြောချင်ပါတယ်။

Voice : ဇာတ်ကားရိုက်တုန်းက ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။
MTTZ : ငွေဆောင်မှာ သွားရိုက်တုန်းက အခက်အခဲတွေ အများကြီး ရှိတယ်။ အဲမှာတုန်းက သူက သူငယ်ကို ဖွန်ကြောင်တာပေါ့။ အသံပါ ပြောင်းတဲ့အထိကြောင်တာပေါ့။ အဲဒါကိုတော်တော်ကို ရှက်ကြောဖြတ် ပြီးလုပ်ရတယ်။ မြတ်သူက အပြင်မှာကျတော့ အရမ်းပျော်ပျော်တော့ နေတတ်တယ်။ အဲလောက်ထိတော့ မပေါဘူးလေ။ အဓိကက ဒီအထဲမှာ Sexy တွေလုပ်ရတဲ့အတွက် ကိုယ့်အနေနဲ့ မအပ်စပ်ဘူး။

နွယ်နီ