News

POST TYPE

ENTERTAINMENT

သရုပ်ဆောင် မေတ္တာနဲ့ တွေ့ဆုံခြင်း
19-May-2020
“အားလုံးက ဈေးသည်တွေဖြစ်လိုဖြစ်၊ Delivery သမား ဖြစ်တဲ့သူဖြစ်၊ ဘော်လံတီယာတွေ ဖြစ်တဲ့သူက ဖြစ်နဲ့”



သရုပ်ဆောင်မေတ္တာနဲ့ တွေ့ဆုံခိုက် သားဖြစ်သူ မေတ္တာမြင့်မြတ်ဟိန်းအကြောင်းနဲ့ ဇာတ်သဘင် တွက် လူကူမှာ နာယကအဖြစ် ဆောင်ရွက်နေတဲ့အကြောင်း စတာတွေကို မေးမြန်းထားပါတယ်။ 

Voice : သားဖြစ်သူမေတ္တာမြင့်မြတ်ဟိန်းအကြောင်းလည်းပြောပြပေးပါဦး။ လူငယ်တစ်ယောက် ဖြစ်ပေမယ့် ပရဟိတလုပ်ငန်းတွေ ကိုယ်ကျိုးမငဲ့ဘဲလုပ်နေတယ်နော် အဲဒါလေးလည်း ပြောပေးပါဦး။ 
MT : သားကိုတော့ မိုးလင်းထိုးဆိုပြီးတော့ စပြီး စင်တင်ပေးတာပေါ့။ သီချင်းတွေအားလုံး ကိုလည်း ကျွန်တော်ဖန်တီးပေးတယ်။ သူလည်း ရေးတယ်။ အောင်မြင်သွားတယ်လို့တော့ မဟုတ်ဘူး။ လူအများ အသိအမှတ်ပြုခြင်း ခံရတယ်ပေါ့။ သူက GTC ကျောင်းသားဆိုတော့ လူမှုရေးတွေလုပ်ကြတယ်။ အရင်လူကြီးတွေကလည်း လုပ်ကြတယ်။ အဲဒါကိုကြည့်ပြီးတော့ ပရဟိတစိတ်တွေရှိတယ်။ သူ့အနုပညာ အလုပ်ကတော့ စံပြသဘင်မှာလူရွှင်တော်အဖြစ်နဲ့ လိုက်တယ်။ အဲတော့ ဇာတ်နားတဲ့အချိန်မှာ လာခေါ်တာတော့ ကိုအောင်သော်ကြီး ကလေးလေးဆိုပြီးတော့ လာနေကျပေါ့။ ဦးသားရှိလား ရှိရင် ခေါ်သွားမယ်ဆိုပြီး အောင်သော့်နောက်ကို ပရဟိတလုပ်ဖို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ရောက်သွားတယ်။ သူသည် လူတစ်ယောက်ဖြစ်တယ်။ လူစိတ်ရှိတယ်။ သူ ပါဝင်ကူညီပေးတယ်။ အဲဒါကို လူတစ်ယောက်ဖြစ်တဲ့အဖေက ကျေနပ်တယ်။ ဂုဏ်မယူဘူး။ ဒါက ဂုဏ်ယူစရာအလုပ်မဟုတ်ဘူး။ ကျေနပ်တာပါ။ 

Voice : သားဖြစ်သူကို ရှေ့ဆက်ပြီး အနုပညာလုပ်ခိုင်းမှာလား။ 
MT : သားကတော့ အနုပညာအလုပ်ကိုလုပ်မယ်။ အခုတော့ လုပ်လို့မရသေးဘူးပေါ့နော်။ ဘယ်သူမှလည်း လုပ်လို့မရသေးဘူးလေ။ အားလုံးက ဈေးသည်တွေဖြစ်လိုဖြစ်။ Delivery သမား ဖြစ်တဲ့သူဖြစ်၊ ဘော်လံတီယာတွေဖြစ်တဲ့သူကဖြစ်နဲ့ အဲဒီလိုတွေ ဦးမေတ္တာတို့ နောက်က ကျောထောက်နောက်ခံလေး ကူညီပေးတဲ့သူကလည်း ကူညီပေးပေါ့။ 

Voice : မေတ္တာရဲ့ မျိုးဆက်သစ်သားပဲဆိုပြီး ရှေ့တန်းတင်တာမျိုးလည်း မတွေ့ရဘူးနော်။ 
MT : ကျွန်တော်က အဲလိုစိတ်မျိုးမရှိဘူး။ တစ်ခုတော့ရှိတယ်။ သားဖြစ်သူ နေရာတစ်ခုကို သွားတော့မယ်လို့ပြောလာရင် အဲမှာတော့ အဖေ့သူငယ်ချင်းတော့ရှိတယ်။ အရေးအကြောင်းဆို သွားလိုက် ပေါ့ကွာ။ ဒီလောက်ပဲ ကျွန်တော်ကတော့ ဒါက ငါ့သားပဲ ဘာညာအဲလိုမျိုးမရှိဘူး။ လွတ်လပ်စွာအနုပညာကို လုပ်ခွင့်ပေးထားတယ်။ သူ့ကို ကျွန်တော့်ညီလိုနေသော ဂီတမှူးပေါသျှံက သူ့ကိုဆုံးမထားတာ စကား တစ်ခွန်းရှိတယ်။ လူဖြစ်တဲ့အတွက် အလုပ်မှန်သမျှ မလုပ်ဖူး၊ မလုပ်တတ်ဖူးဆိုတာမရှိစေရဘူး သိနေရမယ်။တတ်ပြီး နားလည်နေရမယ်။ ဒါမှ မသေခင်ကူညီလို့ရမယ်။ သူလည်း မချမ်းသာဘူး ကျွန်တော်လည်းမချမ်းသာဘူး။ ကျွန်တော်တို့မိသားစုမှာ ချမ်းသာတာ စိတ်ပါ။ 

Voice : ဦးမေတ္တာကရော ဇာတ်သဘင်အတွက် ဘာတွေလုပ်ပေးနေတာရှိလဲ။ 
MT : ဦးမေတ္တာက ဇာတ်သဘင်မှာ လူကူမှာပေါ့၊ လူမှုရေး ကူညီရေးကိစ္စတွေကိုပဲ လုပ်ပေးနေ တယ်။ အဲဒီလိုတွေမှာ နာယကအဖြစ်တော့ လုပ်ပေးနေတယ်။ သဘင်ပညာရှင်များ သဘင်အနုပညာရှင်များ ဆိုင်းတီးတာ၊ လင်းကွင်းတီးတာ၊ ဝါးလက်ခုပ်တီးတာတွေကအစ ဗဟိုကနေပြောတဲ့အတိုင်း လိုက်ပြီးကူညီပေး တယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မှန်သမျှ လုပ်ပါတယ်။ သဘင်နာယကကြီးများကို လှူကြဖို့လည်းရှိတယ်။ ဗဟိုကနေ ပြောလိုက်တာကိုလိုက်ပြီး လှူဖို့အတွက် စီစဉ်ပေးပါတယ်။ 

ခင်ညိုညိုသိမ့်