News

POST TYPE

ENTERTAINMENT

နေတိုးနဲ့ တွေ့ဆုံခြင်း
25-Mar-2020
"ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း Hand Gel ကို ဆောင်ထားရတယ်"



နာမည်ကျော်သရုပ်ဆောင်နေတိုးနဲ့တွေ့ဆုံခိုက် အိပ်မက်ကာရန်ဇာတ်ကားအကြောင်း၊ အဆိုတော်ဝိုင်းလေးနဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အကြောင်းနဲ့ လက်ရှိကျန်းမာရေးပြဿနာဖြစ်သော ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် စိုးရိမ်ပူပန်မှုစတဲ့အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice : အိပ်မက်ကာရန်ရုပ်ရှင်ဇာတ်ကားက ပါဝင်တဲ့ သရုပ်ဆောင်တိုင်း ပင်ပန်းကြတယ်ပြောတယ်။ 
NT     : ဟုတ်တယ်ဗျ၊ ပင်ပန်းကြတယ်။ ရာသီဥတုကလည်း နည်းနည်းပူတဲ့အခါကျတော့လေ။ ရိုက်ကူးရတဲ့နေရာမှာလည်း နည်းနည်းလေးလူများတယ်။ ကျောင်းထဲမှာလည်း အဲယားကွန်း ဘာညာအလုံအလောက် မရှိတဲ့အခါကျတော့ တချို့သရုပ်ဆောင် တွေလည်း ကျန်းမာရေးအရ ဖြစ်သွားတာတွေလည်းရှိတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားခဲ့ကြပါတယ် ။

Voice : အဆိုတော်ဝိုင်းလေးက ကိုနေတိုးနဲ့ သရုပ်ဆောင်ရမှာ ကြောက်တယ်၊ ရှိန်တယ်လို့ပြောဘူးတယ်။ အဲဒီအပေါ်ရောဘယ်လို မျိုးလေး ပြောပြချင်လဲ။ 
NT     : ကျွန်တော်တို့လည်းဖြစ်ဖူးပါတယ်။ သရုပ်ဆောင် အကြီးပေါ့။ ရှိန်တာပေါ့နော်၊ မှတ်မှတ်ရရပြောရရင် ကိုလွင်မိုးတို့ ရှုတင် တွေသွားလည်တယ်။ ကိုသားကြီးတို့ ရှုတင်တို့၊ ကားတွေဘာတွေ ရိုက်တဲ့အချိန် မင်းသမီးကြီးတွေနဲ့ ကြော်ငြာတွေဘာတွေ ရှိခဲ့တယ်လေ။ ကျွန်တော်တို့ သရုပ်ဆောင်အငယ်ဘဝတုန်းကပေါ့။ ကျွန်တော်တို့က တစ်သက်လုံးက ရုပ်ရှင်ထဲမှာပဲ မြင်လာခဲ့ကြတာဆိုတော့ ချက်ချင်းဆိုတော့ မရဲတာမျိုးလည်းရှိတာပေါ့။ အဲဒီခံစားမှုကတော့ အသစ်နဲ့ အဟောင်းနဲ့ ရှိန်တာမျိုးပါပဲ။ 

Voice : အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနုပညာလောကသားတွေအတွက် လောကသားအချင်းချင်း ကူညီကြတာတွေရှိတယ်။ ကိုနေတိုးအနေနဲ့ရော ...
NT     : ကျွန်တော်ကတော့ နှစ်စဉ်နှစ်တိုင်းတော့ ဖောင်ဒေးရှင်းကနေလှူတာတွေရှိတယ်။ ကျွန်တော်ကိုယ်တိုင်လှူဒါန်း တာတွေလည်းရှိပါတယ်။ စဉ်ဆက်မပြတ်လေးတော့ရှိကြပါတယ်။ အခုလောလောဆယ်မှာလည်း ဖြစ်ပေါ်နေတဲ့ ကျန်းမာရေးဂရုစိုက်ဖို့လည်း လိုတယ်။ လက်ကိုလည်း ဆေးဖို့လိုတယ်။ ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း Hand Gel ကို ဆောင်ထားရတယ်။ 

Voice : ဒီနှစ်ထဲမှာရော ဘယ်လိုမျိုး အနုပညာလှုပ်ရှားမှုတွေထပ်ရှိဦးမလဲ။
NT     : ရှိပါတယ်။ ကျွန်တော်တို့လည်းရုပ်ရှင်တွေကို ပိုကောင်းအောင်ကြိုးစားနေတယ်။ ဒါကလည်း ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပေါ့နော်။ နောက်ထပ်ပြီး ဆက်ပြီး ပရိသတ်အတွက် မတူတာလေးတွေ ဆန်းသစ်တဲ့ ထူးခြားမယ့် ရုပ်ရှင်ကားတွေလည်း တင်ဆက်ဖို့ရှိပါတယ်။ ဆက်လက်ပြီးလည်း ကြိုးစားသွားမှာပါ။ ထပ်ပြီးတော့လည်း အားပေးချင်ပါတယ်။ 

ခင်ညိုညိုသိမ့်