News

POST TYPE

ENTERTAINMENT

Ar-T နဲ့တွေ့ဆုံခြင်း
24-Mar-2020
"ကျွန်တော်ကတော့ ဂီတနဲ့ပတ်သက်ရင် အမြဲတမ်း ကြိုးစားနေပါတယ်။ မတူညီတဲ့  ပုံစံမျိုးစုံလေးတွေ ထွက်လာမှာပါ"



အဆိုတော် Ar-T နဲ့တွေ့ဆုံခိုက် အချစ်တွေနဲ့အောင်မြင်နေတဲ့အကြောင်း၊ ဂီတနဲ့ပတ်သက်ပြီး အောင်မြင်မှုပေါ်ခံစားရတဲ့အကြောင်း ၂၀၂၀ ဂီတ 2020 များအကြောင်းကိုမေးမြန်းထားပါတယ်။ 

Voice  : အခုနောက်ပိုင်းထွက်တဲ့သီချင်းတိုင်းလည်း ပေါက်နေတယ်နော်။ 
Ar-T   : သီချင်းလေးတွေကတော့ အချစ်သီချင်းလေးတွေပေါ့နော်။ ပြန်ထုတ်ဖြစ်တာပေါ့နော်။ ရှေ့နှစ်ပိုင်းမှာက သီချင်းအမြူး တွေပဲဆိုဖြစ်နေတယ်။ အချစ်သီချင်းပြန်ပြောင်းထုတ်တဲ့အခါကျတော့ ပရိသတ်နဲ့ ရင်ခုန်သံတစ်သားတည်းကျသွားတယ်လို့ထင်ပါတယ်။ ရင်ဘတ်ချင်း နီးသွားတာပေါ့။ 

Voice  : မျက်ရည်မကျကြေးက ချစ်သူစုံတွဲတွေကြား တော်တော်လေး ရေပန်းစားနေတဲ့အတွက်ရော ...ဘယ်လိုလေးခံစားမိလဲ။ 
Ar-T   : မျက်ရည်မကျကြေးကတော့ အသည်းတော့မကွဲဘူးပေါ့နော်။ ဒါပေမဲ့ နားထောင်လိုက်တဲ့အခါကျတော့ ဆွေးတဲ့ ဖီလင်လေးတော့ဖြစ်နေတယ။် 

Voice  : မျက်ရည်မကျကြေး MTV  မှာ တကယ့်ဆယ်လီချစ်သူစုံတွဲတွေနဲ့ ရိုက်ထားတယ်။ တကယ့်မျက်ရည်အစစ်လည်း ကျအောင်လည်း ရိုက်နိုင်တယ်နော်။ 
Ar-T   : အဲဒီ MTV လေးက အရင်ကတည်းက အစမ်းလေးတွေရိုက်ဖူးတယ်။ အိုင်ဒီယာကတော့ အမြဲတမ်းရှိတယ်။ ထပ်ရိုက်ဖို့လည်း အများကြီးရှိပါသေးတယ်။ နောက်ထပ်အသစ်ထွက်ဖို့လည်း ရှိပါသေးတယ်။ အဓိကအဲဒီသီချင်းက Youtube မှာကြည့်တယ်ပေါ့နော်။ အင်တာဗျူးတစ်ခုကို Inspire ယူပြီးတော့ရိုက်ဖြစ်တယ်။ ဇာတ်လမ်းလည်း မဟုတ်ဘူးတကယ်ချစ်တဲ့ အကြောင်းအရာတွေကိုခံစားတဲ့ ပုံဖော်တဲ့ဟာမျိုးလေးပဲ။ တမင်သက်သက်ကို အဲဒီလို စတိုင်လ်နဲ့ရိုက်ဖြစ်သွားတာပါ။ အတွဲအစစ်တွေက တကယ့်ကို Mood အစစ်နဲ့ သရုပ်ဆောင်ပေးထားတာပါ။ 

Voice  : ဒီနှစ်အတွင်းမှာရော ဘယ်လိုသီချင်းတွေလာဦးမလဲ။ 
Ar-T   : ဒီနှစ်ထဲမှာတော့ တောက်လျှောက် အချစ်သီချင်းတွေပြီးတော့ အမြူးတွေလာဖို့ရှိတယ်။ အွန်ဆိုင်းရယ် နန်းခေးမားရယ် ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်းတစ်ပုဒ်ထွက်ဖို့တော့ရှိတယ်။ သီချင်းလေးကတော့ ဒီအတိုင်းအမြူးလေးပါ.။ R&B အမြူးပေါ့။

Voice  : သီချင်းတွေနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျခဲ့တဲ့ အချိန်တွေလွန်ပြီးပြီဆိုတော့ ဒီအချိန်မှာ အောင်မြင်မှုအသီးအပွင့် ကိုခံစားရပြီထင်လား။ 
Ar-T   : အဲလိုလည်းမဆိုင်ဘူး။ အောင်မြင်တယ်လည်း ပြောလို့မရဘူး။ ကိုယ့်ကိုအောင်မြင်တယ်လို့ထင်တဲ့နေ့က ကိုယ်ကျဆုံး မယ့်နေ့ပဲပေါ့။ ကျွန်တော်တို့အများကြီး သွားရပါဦးမယ်။ အများကြီး ကြိုးစားရပါဦးမယ်။ 

Voice  :  2020 အတွက် ဂီတနဲ့ပတ်သက်ပြီး ဘယ်လို Plan တွေ ဆွဲထားလဲ။ 
Ar-T   : ကျွန်တော်ကတော့ ဂီတနဲ့ပတ်သက်ရင် အမြဲတမ်းကြိုးစားနေပါတယ်။ မတူညီတဲ့ပုံစံမျိုးစုံလေးတွေ ထွက်လာမှာပါ။ 

ခင်ညိုညိုသိမ့်