News

POST TYPE

ENTERTAINMENT

မင်းဦးနဲ့တွေ့ဆုံခြင်း
13-Jan-2020
"အနုပညာဆိုတာလည်း အခကြေးငွေယူပြီးလုပ်ကြတာပဲ။ဒီအလုပ်ပေါ်မှာတော့ လေးစားဖို့လိုတယ်"



သရုပ်ဆောင်ဒါရိုက်တာမင်းဦးနဲ့ တွေ့ဆုံခိုက် အဆိပ်ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဒါရိုက်တာတစ်ယောက်ရဲ့စိတ်နဲ့အနုပညာနဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်စိတ်ထားရမယ့်စတဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။

Voice :  ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်မယ့်ဇာတ်ကားပေါ့။အဆိပ်ကိုဘယ်လိုပုံဖော်သွားမလဲ။ ဘယ်လိုအဓိပ္ပာယ်ရှိတာလဲ။
MO    : ကျွန်တော်တို့အားလုံးက သတိမထားမိကြတာပါ။ ချစ်တယ်ဆိုလည်း အဆိပ်ဖြစ်တယ်။ အတ္တဆိုလည်း အဆိပ်ဖြစ်တယ်။တစ်ခါတလေကျရင် ဒါလေးကချိုတယ်လို့ထင်ရင်ပေါ့။ချိုတဲ့အရာတွေကပဲအဆိပ်ဖြစ်သွားတတ်တယ်။  လောကမှာဖြစ်နေတဲ့ အကြောင်းအရာလေးတစ်ခု အဲဒါလေးတစ်ခုကိုပဲ တင်စားချင်တာပါ။အသက်နည်းနည်းကြီးတဲ့ အမျိုးသမီးတွေနဲ့ ငယ်တဲ့အမျိုးသားတွေရဲ့ လက်ရှိဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုရိုက်ထားတာပါ။ပရိသတ်ကိုပြရင်လည်း အပြင်မှာရှိတာပဲ ဆိုတာကို သိသွားမှာပဲလေ။ အဲဒါကြောင့် ရိုက်ပြတာပါ။ 

Voice : ပင်တိုင်မင်းသား ကျော်ထက်အောင်ကိုရော ဘယ်လိုပြောင်းပစ်မှာလဲ။ 
MO    : ကျော်ထက်အောင်ကိုလည်း လုံးဝချိန်းလိုက်တယ်။ သူ့ကိုမမြင်ဘူးတဲ့ကာရိုက်တာကိုပြောင်းထားတယ်။ ကိုယ်ပွားမှာဆိုလည်း မမြင်ဖူးတဲ့ပုံစံကိုရိုက်ထားတယ်။ ဒီကားမှာလည်း ပြောင်းထားပေးတယ်။ 

Voice : ကိုမင်းဦး ဒါရိုက်တာအလုပ်လုပ်ကတည်းက လွန်းထားထားဝတ္တုတွေပဲ ရိုက်ဖြစ်တာများတယ်နော်။
MO    : ဒါကတော့ ကျွန်တော့်ကုသိုလ်ကံပဲလေနော်။ မထား ဝတ္ထုမဟုတ်တာဆိုလို့ ချူဆီတစ်ခုပဲရှိမယ်ထင်တယ်။ ကိုယ်ပွားဆိုလည်း မထားဝတ္ထုပဲ၊ အဆိပ်လည်း မထားပဲပေါ့။ 


Voice : ဒါရိုက်တာတစ်ယောက်ဖြစ်လာတော့ ရှုတင်မှာထိုင်စောင့်ရတဲ့ပြဿနာကြုံသေးလား။
MO    : အခုနောက်ပိုင်းတော့ နည်းနည်းပြောင်းလဲသွားပါပြီ။ ရှူတင်ကိုစောစောတည်တဲ့အကျင့် လေးတွေ လုပ်လာကြတယ်။အထူးသဖြင့်တော့ နိုင်ငံခြားသားတွေနဲ့လုပ်လို့ရှိရင် ယိုးဒယားတို့ တခြားနိုင်ငံခြားသား အလုပ်လုပ်လို့ရှိရင် ခြောက်နာရီခေါ်ရင် ခြောက်နာရီသွားကြတယ်။ အကုန်လုံး ငါးနာရီခေါ်လည်း ငါးနာရီသွားကြတယ်။ ဒီကလူတွေကျတော့ သိပ်မလာ ချင်ဘူး။ မနက်၇နာရီခေါ်ရင် တကယ်ရောလုပ်ရဲ့လား။ တကယ်ရောရိုက်မှာလား ဆိုတဲ့ဟာမျိုးတွေကComplainတွေက အမြဲတမ်းလာတယ်။ အဲတော့သူတို့ရိုက်ပြီဆိုလို့ရှိရင် ငါးနာရီခေါ်တယ်။ကိုးနာရီမှရိုက်လည်း ဘာမှမပြောဘူး။ မနက်အစောကြီးခေါ်ထားပြီး  ညနေမှရိုက်လည်း မပြောရဲဘူး။ ကိုယ်တွေကျရင် တော့ မရိုက်သေးဘူးလား၊ မလုပ်သေးဘူးလားတို့ ငြိုငြင်ကြတာပေါ့လေ။ဒါကတော့ မတူဘူးလေ။ကျွန်တော်တို့ကတော့ အားလုံးကိုပေါ့နော်။ တစ်ပြေးတည်းပဲဖြစ်စေချင်တယ်။ အခုဆိုရင်တော့ နည်းနည်းလေးပြောင်းလဲသွားပါပြီ။ အဲလိုလေးလည်းပြောင်းလဲစေချင်တယ်။ ကိုယ့်အနုပညာလောက တိုးတက် အောင်ကြိုးစားကြတဲ့သူတွေချည်းပဲ။အတူတူကြိုးစားကြတဲ့သူတွေချည်းမှာ အပြန်အလှန်လေးစားမှုလေးပေါ့။ အားလုံးက ငွေရေးကြေးရေးနဲ့ အလုပ်လုပ်ကြတာပါ။ တချို့ကတော့ ကူညီကြတဲ့သူတွေလည်းရှိမယ်။အများစုကတော့ ၉၉ ရာခိုင်နှုန်းကတော့ အနုပညာဆိုတာလည်း အခကြေးငွေယူပြီးလုပ်ကြတာပဲ။ဒီအလုပ်ပေါ်မှာတော့ လေးစားဖို့လိုတယ်။ ကျွန်တော်ဆိုရင်ရှူတင်ကို အစောဆုံးရောက်အောင်သွားတယ်။ဘယ်သူမှမရောက်ရင်တောင် ကိစ္စမရှိဘူး။ကိုယ်ရောက်နေလို့ ထိုင်စောင့်ရလည်းပြဿနာမရှိဘူး။ကိုယ့်စည်းကမ်းက ကိုယ့်စည်းကမ်းပဲ။အဲလိုပဲတွက်တယ်။ 

ခင်ညိုညိုသိမ့်