News

POST TYPE

ENTERTAINMENT

ရွှေအိမ်စည်နဲ့ တွေ့ဆုံခြင်း
02-Dec-2019


“အိမ်စည်က ယုတ်မာပက်စက်ရတာကို ကြိုက်တယ်”


သရုပ်ဆောင်ရွှေအိမ်စည်နဲ့တွေ့ဆုံခိုက် မာယာရထားမောင်းမယ့်မိန်းမ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဗီလိန်ကာရိုက်ကို လက်ခံဖြစ်တဲ့အကြောင်းနဲ့ အောင်မြင်မှုအတွက် သူများကို ချမနင်းဖြစ်တဲ့ အကြောင်းအရာတွေကို မေးမြန်းထားပါတယ်။ 

Voice  :  မာယာရထားမောင်းမယ့် မိန်းမရုပ်ရှင်ဇာတ်ကားကို ဘာကြောင့် လက်ခံရိုက်ကူးဖြစ်တာလဲ။ 
SES  :  ဒီကားထဲမှာတော့ အိမ်စည်က ဗီလိန်ပေါ့နော်။ အဲဒါကြောင့်လည်း လက်ခံဖြစ်ခဲ့တာပါ။ မကောင်းတာမျိုးဆို အိမ်စည်က လက်ခံမှာ မဟုတ်ဘူးလေ။ အိမ်စည်က ယုတ်မာပက်စက်ရတာကိုကြိုက်တယ်။ အပြင်မှာ မလုပ်ရတော့ ဒီထဲမှာ Mood လေးသွင်းပြီး လုပ်လို့ရတာပေါ့။ 

Voice  :  ဗီလိန်ဆိုတော့ ဘယ်လိုအတိုင်းအတာထိ လုပ်ရမှာလဲ။ 
SES  :  ယုတ်မာပက်စက်တယ်ဆိုပေမယ့် ဟိုလိုကြီး မကောင်းဘူး။ သူများမကောင်းကြံပြီး ယုတ်မာပက်စက်တာမျိုး မဟုတ်ဘူး။ ကိုယ့်ဘဝတက်လမ်းအတွက် အတားအဆီးမရှိဘဲ ကိုယ့်အောင်မြင်မှုအတွက်ရှေ့မှာ ဘယ်လိုပဲရှိရှိ လုပ်ယူတယ်။ အောင်မြင်မှုကို အမြဲရှေ့တန်းတင်တာဖြစ်တဲ့အတွက်ကြောင့် Active ဖြစ်တယ်။ အောင်မြင်မှုတစ်ခုပဲခေါင်းထဲမှာ ရှိတဲ့အတွက်ကြောင့် မလုပ်သင့်မလုပ်ထိုက်တာတွေ လူသားချင်းစာနာလို့ရှိရင် မလုပ်သင့်တာတွေကိုလုပ်မိသွားတာလည်းရှိတယ်။ အဲဒါကို နောင်တမရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်မှုက အရေးကြီးဆုံးပဲလေ။ အိမ်စည်ရဲ့ အပြင်ကပုံစံနဲ့ သိပ်မကွာဘူးလေ။ ဒီထဲမှာက အရမ်းအရမ်းကြီးကို ယုတ်မာပက်စက်သွားတာပေါ့။ ဒါပေမဲ့ ညှိယူလို့ရတဲ့ အပိုင်းမှာလည်း ရှိပါတယ်။ 

Voice  :  ရွှေအိမ်စည် ကာရိုက်တာ ဖျောက်ပစ်ရမှာလား။
SES  :  ကိုရာဇဝင်ကိုက ပြောတယ်။ ရွှေအိမ်စည် မဖြစ်ချင်ဘူး။ ရွှေအိမ်စည်က အမြဲဆံပင်ရှည်နဲ့လည်းဖြစ်တယ်။ အပြောင်းအလဲဖြစ်အောင် လုပ်ပေးပါလို့ ပြောတယ်။ ဆံပင်အတုတွေလည်း လုပ်ချင်လုပ်ဆိုတော့ နည်းနည်းတော့ ပါသွားမယ်။ ပုံတွေရိုက်ထားတာတော့ အရမ်းတော့ မိုက်တယ်။ 

Voice  :  အပြင်က ကာရိုက်တာနဲ့ သိပ်မကွာဘူးဆိုတော့ ကိုယ်ကသူများကို ချနင်းပြီးအောင်မြင်မှုကို လုပ်ယူဖူးလား။
SES  :  အိမ်စည်ကတော့ အပြင်မှာတော့ ဘယ်သူ့ကိုမှ မလုပ်ဖူးဘူး။ ဝဋ်လည်မှာကြောက်လို့ ဘယ်သူ့ကိုမှ မနင်းဘူး။ ဒါပေမဲ့ ကိုယ်တိုင်အတွက် လုပ်တယ်ဆိုလို့ရှိရင် လုပ်တယ်။ ဘာမှတော့ မဖြစ်ဘူး။ သူများကိုနင်းပြီး အပုပ်ချပြီးတော့ လုပ်တာကရေရှည်အတွက်က နည်းလမ်းကောင်းတော့မဟုတ်ဘူး။ ပေါ်ပင်မှာ ပျော်ရွှင်နေလို့မရဘူးလေ။ အမှန်တရားကို နားလည်ရဦးမယ်။ အခွင့်အရေး ကြုံလာရင်တော့ ကိုယ့်ကို နင်းချင်တဲ့သူရှိမယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ဗီဇအရ မလုပ်သင့်ဘူးဆိုပြီး စာနာတတ်တဲ့သူကမလုပ်ဘူး။ မစာနာတတ်တဲ့သူတွေကတော့ ဘာဖြစ်လဲ ငါအောင်မြင်မှုအတွက် လုပ်တာပဲဆိုပြီး တွေးတာမျိုးတွေလည်း ရှိတယ်။ 

ခင်ညိုညိုသိမ့်