News

POST TYPE

ENTERTAINMENT

မြင့်မြတ်နဲ့ တွေ့ဆုံခြင်း
08-Nov-2019
“ဒီကားကို ကျွန်တော်သရုပ်ဆောင်မယ်ဆိုတော့ တော်တော်များများကိုက စိုးရိမ်ကြတယ်”


နာမည်ကျော်သရုပ်ဆောင်မြင့်မြတ်နဲ့ တွေ့ဆုံခိုက် ကျောင်းဆရာဇာတ်ရုပ်ကို လက်ခံပြီး ရိုက်ကူးဖြစ်တဲ့အကြောင်း၊ အတွေ့အကြုံအသစ်တွေအကြောင်းနဲ့ သားယောကျာ်းလေး ထပ်လိုချင်တဲ့ အကြောင်းအရာတွေ မေးမြန်းထားပါတယ်။ 

Voice : ကျောင်းဆရာဇာတ်ရုပ်ကို ဘာကြောင့် လက်ခံဖြစ်ခဲ့တာလဲ။
MM : ဒီကားလေးကတော့ ၁၉၈၀ ခုနှစ်ပေါ့နော်။ အဲတုန်းက ပညာရေးအကြောင်းကို ပုံဖော်ထားတဲ့ ကားလေးပါ။ အစကတည်းက ကိုပေါက် ပြောကတည်းက အရမ်းကို အဲဒီဇာတ်လေးကိုကြိုက်တယ်။ ရိုက်မှာကလည်း တကယ့်ဖြစ်ပျက်ခဲ့တဲ့ဒေသမှာ သွားရိုက်တာလည်းဖြစ်တယ်။ အရမ်းလည်း အဓိပ္ပာယ်ရှိတယ်လေ။ အဲဒါကြောင့် ရိုက်ဖြစ်တာပါ။ 

Voice : ကိုမြင့်မြတ်ကို ကျောင်းဆရာကာရိုက်တာနဲ့ ရိုက်ဖို့ စိုးရိမ်ကြတဲ့သူတွေလည်း ရှိခဲ့တယ်နော်။
MM : ဒီကားကို ကျွန်တော်သရုပ်ဆောင်မယ်ဆိုတော့ တော်တော်များများကိုက စိုးရိမ်ကြတယ်။ ကျွန်တော်တို့က ဟာသကားလည်း ရိုက်တာများတယ်ပေါ့နော်။ ကျွန်တော်ရယ်၊ ကိုခင်လှိုင်ရယ် ပါနေတော့ ဒီနှစ်ယောက်ဆို ဇာတ်ကပျက်တော့မယ်လို့ အဲလို စိုးရိမ်ကြတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ စတွက်ကတည်းက ကိုပေါက်ကလည်း သေချာမှာထားတယ်။ ကျန်တော် ဒီကား စရိုက်ကတည်းက ဆန်းလည်း ဆန်းတယ်။ ဆိုးတာက ကျောင်းဆရာ ကာရိုက်တာ သိပ်မလုပ်ဖူးဘူးလေ။ မလုပ်ဖူးတဲ့ အခါကျတော့ ဒီကာရိုက်တာကိုတော့ တည်တည် ငြိမ်ငြိမ်လေးနဲ့ နေမယ်ဆိုပြီးတော့ တွေးပြီး အကောင်းဆုံးဖြစ်အောင် လုပ်ထားတာပါ။ 

Voice : ဒီကားရိုက်ရင်း ရခဲ့တဲ့ အတွေ့အကြုံလေးတွေလည်း ပြောပြပါဦး။
MM : အဲဒီမှာက ဟိုတယ်တွေ ဘာတွေမရှိဘူးလေ။ ရွာက ကျောင်းက ဓမ္မာရုံထဲမှာပဲ ပါဝင်တဲ့ ဒါရိုက်တာတွေရော သရုပ်ဆောင်တွေရော အကုန်လုံး တန်းစီပြီးတော့နေကြရတယ်။ အဲဒီက ရွာသားတွေကတော့ အရမ်းချစ်ဖို့ကောင်းတယ်။ ကျွန်တော်တို့သွားတယ်၊ လာတယ်။ ရိုက်ကူးတယ်။ ဘာအနှောင့်အယှက်မှ မပေးဘူး။ ကျွန်တော်တို့ကို တည်းခိုခွင့်ပေးတဲ့ ဆရာတော်ကြီးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ 

Voice : ကိုမြင့်မြတ်ရဲ့ ဟာသကားတွေကြားမှာ ဒီကားလေးက ထူးထူးခြားခြားလေးဖြစ်တဲ့အတွက် ဘာများပြောထားချင်သေးလဲ။
MM : ကျွန်တော်လည်း ဒါကို စိတ်ဝင်စားတယ်ဗျ။ အကောင်းဆုံးတော့ ကျွန်တော်လည်း လုပ်ထားပါတယ်။

Voice : လက်ရှိ ရိုက်နေတဲ့ လူထဲကလူမှာ Sinon နဲ့လည်း ဆုံတယ်နော်။ 
MM : လူထဲကလူကတော့ ဆန်းတော့ ဆန်းတယ်ဗျ။ ဇာတ်ကတော့ မပြီးသေးဘူး။ Sinon နဲ့ ရိုက်ထားတာတွေကတော့ ပြီးသွားပြီ။ ပရဟိတဇောင်းပေးတဲ့ ကားလေးလို့ပဲ ပြောရမှာပဲ။ ပရဟိတလူငယ်လေးပေါ့နော်။ လူ့လောကထဲမှာ ဖြစ်ပျက်နေတဲ့အရာတွေ တော်တော်များများပါပဲ။ 

Voice : Sinon အပေါ် ဘယ်လိုမြင်လဲ။
MM : သူက အလှူအတန်းတွေ အရမ်းလုပ်တယ်။ အဲဒါလေးတွေကို သတိထားမိတယ်။ သူက ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းတယ်။ အကုန်လုံးပေါ့နော်။ ခင်ဖို့လည်း ကောင်းပါတယ်။

Voice : မိသားစုကိုရော ဘယ်လိုအချိန်တွေ ပေးဖြစ်လဲ။ ကလေးရော နောက်တစ်ယောက် ယူချင်သေးလား။
MM : ကျွန်တော်ကတော့ လိုချင်နေပြီပေါ့နော်။ သားကလည်း နည်းနည်းတော့ ငယ်သေးတယ်။ လိုတော့ လိုချင်တယ်။ ကျွန်တော်ကတော့ ယောကျာ်းလေးပဲ လိုချင်တယ်။ ပိုကောင်းတာပေါ့။ သားကြီးကတော့ အခုတော့ သောင်းကျန်းနေပြီ။

ခင်ညိုညိုသိမ့်