News

POST TYPE

ENTERTAINMENT

မြနှင်းရည်လွင်နဲ့ တွေ့ဆုံခြင်း
12-Aug-2019
“ပေါက်မယ်လို့တော့ မထင်ထားပါဘူး။ အဓိကမြနှင်းက အဆဲခံရမယ်လို့ ထင်တာ”



သရုပ်ဆောင်မြနှင်းရည်လွင်နဲ့ တွေ့ဆုံခိုက် ငွေစက္ကူ ၇ ရွက် ဇာတ်လမ်းတွဲအကြောင်း ၊ ဇာတ်ရုပ်အမာတွေ အများဆုံးလုပ်ဖြစ်နေတဲ့အကြောင်းနဲ့ နောက်ထပ်ရိုက်မယ့်ဇာတ်လမ်းတွဲတွေ အကြောင်းကို မေးမြန်းထားပါတယ်။ 

Voice : အခု ပြသနေတဲ့ငွေစက္ကူ ၇ ရွက် ဇာတ်လမ်းတွဲလေးက တော်တော်လေးပေါက်နေတယ်ဆိုတော့ ခံစားချက်လေး ပြောပြပေးပါဦး။ 
MHYL : ဝမ်းသာတာပေါ့နော်။ မြနှင်းတစ်ယောက်တည်းကြောင့်တော့
မဟုတ်ဘူးပေါ့နော်။ အကုန်လုံးအဘက်ဘက်က ဒါရိုက်တာတွေရော၊ ပရိုဂျူဆာတွေရော၊အဖွဲ့သား
တွေရော အကုန်လုံးကြောင့်ပေါ့နော်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေ ကြိုက်ကြတော့ ဝမ်းသာပါတယ်။ 

Voice : ဝေနှင်းဖြူ ကာရိုက်တာမျိုးရော နောက်တစ်ခါ လုပ်ကြည့်ချင်လား။ အမှတ်တရတွေ ရှိရင်လည်း ပြောပါဦး။ 
MHYL : လက်ခံပြီးတော့ ထပ်လုပ်ကြည့်ချင်ပါတယ်။ အမှတ်တရတွေကတော့ အများကြီးပဲ။ ပြောရမယ်ဆိုရင် ပြောလို့ မကုန်ဘူးပေါ့နော်။ ရိုက်နေတဲ့အချိန်မှာလည်း အမှတ်တရတွေရှိခဲ့တယ်။ တကယ်ရိုက်မိတာတွေ၊ အရိုက်ခံရတဲ့ အခန်းဆိုရင် ကိုယ့်ကိုထိမှာစိုးလို့ စိတ်ပူပေးတယ်ပေါ့နော်။ ဆံပင်တွေ ဘာတွေဆိုရင်လည်း တကယ်ကြီးဆွဲခိုင်းတယ်။ 

Voice : မြနှင်း ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာ ဒီဇာတ်လမ်းတွဲက ပိုပြီးပေါက်တယ်လို့ ပြောလို့ရတယ်နော်။ 
MHYL : ပေါက်မယ်လို့တော့ မထင်ထားပါဘူး။ အဓိက မြနှင်းက အဆဲခံရမယ်လို့ထင်တာ။ မြနှင်းပုံစံကို ကြည့်ပြီးတော့ပေါ့နော်။ ဒါပေမဲ့လည်း ပရိသတ်တွေက သရုပ်ဆောင်တာနဲ့ အပြင်နဲ့ခွဲပြီး လက်ခံပေးကြတယ်။ တော်တော်တော့ ဝမ်းသာရတာပေါ့နော်။ 

Voice : အက်တင်ပိုင်းမှာ မာတဲ့ ဇာတ်ရုပ်တွေနဲ့ လိုက်တာဆိုတော့ကာရိုက်တာကျိုးသွားမှာကိုရော မကြောက်ဘူးလား။ 
MHYL : သူ့ဘာသာသူ သွားလိုက်နေတာထင်တယ်။ နဂိုကတည်းကလည်း မျက်နှာပြောင်တယ်၊ မျိုးစုံ မျက်နှာပေးတွေက လျှောက်လုပ်တတ်တဲ့သူဆိုတော့ အဲလိုလည်း ကွက်တိဝင်သွားတာပေါ့။ အိမ်မှာ နောက်နောက်ပြီး ပြောလိုက်တာမျိုးတွေက ဒီမှာကျတော့ အဆင်ပြေသွားတာလည်း ဖြစ်နိုင်ပါတယ်။ သူများနဲ့ မတူတဲ့ ပုံစံမျိုး ဖြစ်ဖြစ်နေတာပေါ့နော်။ 

Voice : အမာဇာတ်ရုပ်တွေ ရိုက်တာများလာရင် မြနှင်းကို ကာရိုက်တာတစ်ခုတည်း ပုံသေရတယ်လို့ ထင်သွားမှာ မစိုးဘူးလား။ 
MHYL : အဲလိုတော့ မကြောက်ပါဘူး။ ပုံစံတွေဇာတ်လမ်းတွေ အမျိုးမျိုး ပြောင်းနေတာဆိုတော့ မြနှင်းကလည်း အစုံလုပ်ကြည့်ချင်တယ်။ ဇာတ်က အမာလုပ်ရတယ်ဆိုပေမယ့် တစ်ခုနဲ့ တစ်ခုတော့ မတူသွားဘူး။ ကာရိုက်တာပြောင်းပြောင်းသွားတာလေးတော့ ရှိပါတယ်။ 

Voice : နောက်ထပ်လက်ခံထားတဲ့ ဇာတ်လမ်းတွေရှိရင်လည်း ပြောပါဦး။
MHYL : MRTV 4 နဲ့ပဲ ရိုက်မယ်။ မြနှင်းက MRTV 4 နဲ့ Third Person ပေါ့နော်။ လက်ရှိရိုက်နေတာ ကမ္ဘာဟာ လှည့်ကွက်ဇာတ်လမ်းတွဲရယ်၊ အခန်းနံပါတ်ရယ်ဆိုပြီး နှစ်ခုရိုက်နေတယ်။ 

ခင်ညိုညိုသိမ့်