News

POST TYPE

ENTERTAINMENT

မျက်နှာခွဲစိတ်ပြုပြင်ဖို့ အစီအစဉ် မရှိသေးဘူးဆိုတဲ့ ယွန်းယွန်း
07-Mar-2019

Photo: Yoon Yoon (FB Page)
ရန်ကုန်၊ မတ် ၇

အနုပညာရှင်တွေထဲမှာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်ကြတဲ့သူတွေ ရှိပေမယ့်လည်း ကိုယ်တိုင်ကတော့ လုပ်ဖို့ အစီအစဉ်မရှိသေးပါဘူးလို့ သရုပ်ဆောင် ယွန်းယွန်းက ပြောကြားပါတယ်။

“ညီမကတော့ ကိုယ့်မျက်နှာမှာဆို နှာခေါင်းလေး နည်းနည်းတော့ ချွန်ချင်တယ်။ ကိုယ့်နှာခေါင်းက ချွန်တဲ့အထဲမှာ မပါဘူး။ ပုံမှန်နှာခေါင်းပဲဆိုတော့ နည်းနည်းလေး ချွန်ရင် ပိုလှသွားမလားပေါ့နော်။ ဒါပေမဲ့ ခွဲစိတ်ပြုပြင်မှုတော့ မလုပ်ပါဘူး။ မေမေကလည်း သဘာဝအတိုင်းက ပိုလှတယ်လို့ ပြောထားပါတယ်”လို့  ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်မှုတွေလုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေကို အကြံပေးချင်တာကတော့ ကိုယ်တစ်ခုခု လုပ်တော့မယ်ဆိုရင် ကြိုတင်လေ့လာစေချင်သလို၊ တတ်ကျွမ်းနားလည်တဲ့သူတွေ၊ အတွေ့အကြုံရှိတဲ့သူတွေ ဆီကလည်းအကြံဉာဏ်ယူစေချင်ပါတယ်လို့ ယွန်းယွန်းက ပြောကြားပါတယ်။

“လူတစ်ယောက်နဲ့ တစ်ယောက်က ဥစနမအေငသည အောင်မြင်တာချင်းက မတူညီနိုင်ဘူး။ သူများလုပ်တာ အောင်မြင်လို့ ကိုယ်လုပ်ရင် အဆင်ပြေမယ်လို့ ပြောလို့မရသလို သူများတွေ မအောင်မြင်တိုင်း၊ ကိုယ်လည်း မအောင်မြင်နိုင်ဘူးလို့ တွက်လို့ မရဘူး။ လုပ်ချင်တဲ့ဇောများပြီး ချက်ချင်းလုပ်လိုက်တာမျိုးထက် သေချာလေ့လာပြီးမှ အချိန်ယူပြီး လုပ်စေချင်တယ်”လို့  ၎င်းက ဆိုပါတယ်။