POST TYPE
ENTERTAINMENT
မြေပုံတိုင် တောစခန်းတွင် လူသတ်မှု ကျူးလွန်ခဲ့သူ ရဲစခန်းလာရောက် အဖမ်းခံ
01-Jan-2019
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
လှည်းကူးမြို့နယ် ဖောင်ကြီး ကျေးရွာ အရှေ့အုပ်စု၊ မြေပုံတိုင် တောစခန်းတွင် အမျိုးသားတစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သူဆိုသူ အသက် ၄၈ နှစ် အမျိုးသားက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တိုက်ကြီး မြို့မရဲစခန်းသို့ ကိုယ်တိုင်လာရောက် ဖမ်းဆီးခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လူသတ်မှုပုဒ်မဖြင့် ဖမ်းဆီးအရေးယူခဲ့သူ ဦးရွှေကြည်မှာ မြေပုံတိုင် တောစခန်းတွင် ဝါးခုတ်လုပ်ကိုင်သူဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းက လုပ်ငန်းခွင်မှ နေအိမ်သို့ပြန်လာစဉ် ၎င်း၏ မယားပါသား ခြောက်နှစ်အရွယ် ကလေးကို တူမဖြစ်သူ၏ ခင်ပွန်းဖြစ်သူ အသက် ၄၅ နှစ် ဦးတက်ပု (ခ) စိန်ဝင်းက ဆူပူရိုက်နှက်နေသဖြင့် တားမြစ်ရာမှ ၎င်းတို့နှစ်ဦး စကားများ ရန်ဖြစ်ခဲ့သည်။
ယင်းနောက် ဦးတက်ပုက ၎င်း၏တဲအိမ်ထဲ ဝင်ရောက်ပြီး နှစ်ပေအရှည်ခန့်ရှိ ဓားရှည်ကိုင်၍ ဦးရွှေကြည်ကို လိုက်လံခုတ်သဖြင့် ဝါးရုံပင်ကြား ပတ်ပြေးနေစဉ် ဦးတက်ပုမှာ ချော်လဲပြီး ၎င်း၏ လက်ထဲ ကိုင်ဆောင်ထားသော ဓားမှာ လွတ်ကျသွားသဖြင့် ဦးရွှေကြည်က ဓားကိုပြေးယူကောက်ပြီး ဦးတက်ပုအား ခုတ်သတ်ခဲ့ကြောင်း ထွက်ဆိုချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဓားရှည်ဖြင့် ဆင့်ခုတ်ခံရသူ ဦးတက်ပုမှာ ဦးခေါင်း၊ လည်ပင်း၊ ပခုံးနှင့် လက်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့သောကြောင့် ဦးရွှေကြည်ကို အခင်းဖြစ်နေရာအပိုင်ဖြစ်သော လှည်းကူးမြို့နယ်၊ ဖောင်ကြီးနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။
S-03
- VIA
- Voice Admin
- SOURCES
- The Voice
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
21-Feb-2019
-
20-Feb-2019
-
15-Feb-2019